ငမြှောင်တောင်ပိုးအကြောင်း သိမှတ်ဖွယ်ရာများ

တောင်သူဦးကြီးတို့ရဲ့ စိုက်ခင်းတွေမှာ အထွက်နှုန်းကို သိသိသာသာ ကျဆင်းစေပြီး အန္တရာယ်အပေးဆုံး ပိုးမွှားတွေထဲမှာ “ငမြှောင်တောင်” (Armyworm) လည်း ပါဝင်ပါတယ်။ လိပ်ပြာဖလံမျိုးရင်းဝင်ဖြစ်တဲ့ ဒီပိုးမွှားဟာ သီးနှံအတော်များများကို အစုလိုက်အပြုံလိုက် ကျရောက်စားသောက်တတ်တာကြောင့် “ငမြှောင်တောင်” လို့ ခေါ်ဆိုကြတာပါ။ ၎င်းတို့ဟာ မျိုးပွားနှုန်းမြန်ပြီး ဖျက်ဆီးမှု အလွန်ဆိုးရွားပါတယ်။

ငမြှောင်တောင်၏ ဘဝစက်ဝန်း

  • ဖလံကောင်: ညထွက်ကောင်များဖြစ်ပြီး နေဝင်ပြီးနောက် မိတ်လိုက်ကြသည်။ ဖလံအမသည် အရွက်အောက်မျက်နှာပြင် အရိပ်ရသည့်နေရာများတွင် ဥများကို (၂-၃) တန်း စုပြုံ၍ ဥတတ်သည်။

  • ဥအဆင့်: အဖြူရောင် (သို့) အဝါရောင်ရှိပြီး အကောင်ပေါက်ခါနီးအချိန်တွင် မီးခိုရောင်သို့ ပြောင်းသွားသည်။

  • သားလောင်း (လောက်ကောင်အဆင့်): ၆ ဆင့်မှ ၉ ဆင့်အထိ ရှိနိုင်သည်။ ခန္ဓာကိုယ်သည် မီးခိုးစိမ်း (သို့) မီးခိုညိုရောင်ရှိပြီး ကျောဘက်နှစ်ဖက်တွင် အနက်ရောင်စင်းကြောင်းများ ပါရှိသည်။ ရာသီဥတုအပေါ် မူတည်၍ သားလောင်းအဆင့်သည် ရက် ၂၀ မှ ရက် ၃၀ အထိ ကြာမြင့်နိုင်သည်။

ဖျက်ဆီးပုံ လက္ခဏာများ

သားလောင်းများ၏ ဖျက်ဆီးမှုပုံစံမှာ –

  • ကနဦးအဆင့်တွင်အရွက်များကို ရိုးပြတ်ငုတ်တိုများ ဖြစ်သွားသည်အထိ စားသောက်သည်။

  • အရွက်များကို အပေါက်များဖြစ်အောင် စားပြီးနောက်တွင် အရွက်တစ်ရွက်လုံး ကုန်စင်အောင် စားသောက်ဖျက်ဆီးသည်။

  • အကောင်ကြီးများ: ပန်းပွင့်များ၏ ဝတ်မှုန်များကို စားသောက်ပြီး ပျက်စီးနေသော အသီးများပေါ်တွင်လည်း စားသောက်လေ့ရှိသည်။ ငမြှောင်တောင်သည် မြက်နှင့် အစေ့အဆန်ပင်များကို အဓိကထား စားသောက်သော်လည်း အခြားသီးနှံများသို့လည်း အလွယ်တကူ ကူးစက်ဖျက်ဆီးနိုင်သည်။

ကာကွယ်နှိမ်နင်းရန် နည်းလမ်းများ

  • စစ်ဆေးခြင်း: ငမြှောင်တောင် အရေအတွက်ကို သိရှိရန် အနက်ရောင်မီးထောင်ချောက်များနှင့် ဖီရိုမုန်း (Pheromone) ထောင်ချောက်များကို အသုံးပြုပါ။

  • စိုက်ခင်းသန့်ရှင်းရေး: စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းပေးခြင်းဖြင့် ပိုးမွှားခိုအောင်းမှုကို လျှော့ချပါ။

  • သဘာဝထိန်းသိမ်းခြင်း: စိုက်ခင်းအတွင်းရှိ မိတ်ဆွေပိုးများကို ထိန်းသိမ်းပေးပါ။

  • စိုက်ပျိုးနည်းစနစ်: သီးလှည့်စိုက်ပျိုးခြင်းနှင့် ပိုတက်ရှ် (Potash) မြေဩဇာ ကျွေးပေးခြင်းဖြင့် အပင်ကို သန်မာစေပါသည်။

  • လက်တွေ့ဖျက်ဆီးခြင်း: အရွက်ပေါ်တွင် တွေ့ရသော ဥအုထားသည့် ဥမြှုံများကို ကောက်ယူဖျက်ဆီးပေးပါ။

 ပိုးသတ်ဆေး အသုံးပြုခြင်း ဆေးဖျန်းမည်ဆိုပါက နေပူရှိန်မပြင်းသော မနက်စောစောနှင့် ညနေပိုင်းအချိန်များတွင် ဖျန်းပေးပါ။ ဆေးယဉ်ပါးမှု မဖြစ်စေရန် မြန်မာ့ဩဘာမှ အလန်း၊ ဇိုင်ကလုံး၊ ငှက်ကြီးတောင် တို့ကို အလှည့်ကျ စနစ်တကျ အသုံးပြုပေးရပါမည်။

သင့်စိုက်ခင်းမှာ ငမြှောင်တောင် ကျရောက်နေပြီလား? ပိုးသတ်ဆေး အသုံးပြုပုံနှုန်းထားများနှင့် အသေးစိတ် အကြံဉာဏ်များအတွက် Myanma Awba Facebook Page တွင် စိုက်ပျိုးရေးပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်ခင်ဗျာ။

Relate Products

ဆက်စပ် ထုတ်ကုန်များ