ပိုတက်ဆီယမ် (Potassium) – သီးနှံအရည်အသွေးကို ဆုံးဖြတ်ပေးမည့် ဇာတ်လိုက်ကျော်

အပင်များအတွက် မရှိမဖြစ်လိုအပ်သော အဓိကအာဟာရဓာတ် (၃) မျိုး (NPK) ရှိသည့်အနက် ပိုတက်ဆီယမ် (Potassium) ကို “သီးနှံပင် အရည်အသွေး၏ ဇာတ်ဆောင်” ဟု ညွှန်းဆိုရလောက်ပင် အရေးကြီးပါသည်။ ၎င်းသည် အပင်ကို ကြီးထွားစေရုံတင်မကဘဲ ထွက်ရှိလာသော သီးနှံများ၏ ရောင်းတန်းဝင်မှု၊ လှပမှုနှင့် အရသာတို့ကို တိုက်ရိုက်ဆုံးဖြတ်ပေးသောကြောင့် ဖြစ်ပါသည်။

 အသီးအနှံ အရည်အသွေးကို မြှင့်တင်ပေးခြင်း

ပိုတက်ဆီယမ်သည် အသီးအနှံများ၏ အရောင်အသွေးကို ပိုမိုတောက်ပစေပြီး အချိုဓာတ်ကို တိုးပွားစေပါသည်။

  • ခရမ်းချဉ်သီး၊ ဖရဲသီးနှင့် အခြားသစ်သီးဝလံများတွင် ပိုတက်ဆီယမ် အပြည့်အဝ ရရှိပါက အရသာချိုမြိန်ပြီး အလေးချိန်စီးစေသည်။

  • အသီးများ၏ ဆဲလ်နံရံကို တောင့်တင်းစေသဖြင့် ရိတ်သိမ်းပြီးချိန်တွင် ပျက်စီးမှုနည်းပြီး အထားခံခြင်း စသည့် အကျိုးကျေးဇူးများရှိပါသည်။

ရေဓာတ်နှင့် အစာအာဟာရ ထိန်းညှိခြင်း

ပိုတက်ဆီယမ်သည် အပင်အတွက် “သယ်ယူပို့ဆောင်ရေး လုပ်သား” တစ်ဦးပမာ လုပ်ဆောင်ပေးပါသည်။

  • အရွက်ရှိ လေပေါက်များ ပိတ်ခြင်း/ဖွင့်ခြင်းကို ထိန်းချုပ်ပေးသဖြင့် ပူပြင်းချိန်နှင့် မိုးခေါင်ချိန်များတွင် ရေဓာတ် အလဟဿ မကုန်ဆုံးအောင် ကာကွယ်ပေးသည်။

  • အရွက်မှ ချက်လုပ်လိုက်သော အစာအာဟာရများကို အပင်၏ အစိတ်အပိုင်းအသီးသီးနှင့် အသီးအပွင့်များဆီသို့ လျင်မြန်စွာ ပို့ဆောင်ပေးသည်။

ရောဂါနှင့် ရာသီဥတုဒဏ်ကို ရင်ဆိုင်နိုင်ခြင်း

ပိုတက်ဆီယမ်ဓာတ် ပြည့်ဝသော အပင်များသည် ပင်စည်နှင့် ကိုင်းတက်များကို မာကြောစေသည်။ ထို့ကြောင့် လေပြင်းတိုက်ခတ်မှုကို ခံနိုင်ရည်ရှိခြင်း၊ဆဲလ်နံရံများ တောင့်တင်းခိုင်မာသောကြောင့် မှိုရောဂါနှင့် ဖျက်ဆီးတတ်သော ပိုးမွှားများ၏ အန္တရာယ်ကို ပိုမိုတွန်းလှန်နိုင်သည့် အကျိုးကျေးဇူးများကို ရရှိစေသည်။

ပိုတက်ဆီယမ် ချို့တဲ့လျှင် ဖြစ်ပေါ်နိုင်သော လက္ခဏာများ

သင့်စိုက်ခင်းရှိ အပင်များတွင် အောက်ပါ လက္ခဏာများ တွေ့ရပါက ပိုတက်ဆီယမ် ချို့တဲ့နေခြင်း ဖြစ်နိုင်သည် –

  • အရွက်ရင့်များ၏ အနားသတ်များ ဝါလာခြင်း သို့မဟုတ် မီးလောင်ထားသကဲ့သို့ ညိုမည်းလာခြင်း။

  • အပင်၏ ပင်စည်များ ပျော့ခွေပြီး လဲကျလွယ်ခြင်း။

  • အသီးများမှာ ပုံစံမမှန်ခြင်း၊ ဖောင်းပွနေခြင်းနှင့် အသီး အရသာ ပေါ့ပျက်ပျက် ဖြစ်ခြင်း။

တောင်သူဦးကြီးများအတွက် အကြံပြုချက်

အထွက်နှုန်းတင်မကဘဲ “ဈေးကွက်ဝင် အရည်အသွေး” ကိုပါ ရရှိလိုပါက ပိုတက်ဆီယမ် မြေသြဇာကို စနစ်တကျ ထည့်သွင်းပေးရန် လိုအပ်ပါသည်။ မြေဆီလွှာ အမျိုးအစားနှင့် သီးနှံအမျိုးအစားအလိုက် အချိုးကျ ကျွေးမွေးခြင်းဖြင့် အကျိုးအမြတ် ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။

အထူးအကြံပြုချက်: ကောမက်ဓာတ်မြေဩဇာမှ ထုတ်လုပ်ထားသော ကောမက် Hi – K သည် ပိုတက်ဆီယမ် ၆၀% သီးသန့် ပါဝင်သည့်အတွက် သီးနှံများ အရည်အသွေးမြင့်မားစေရန် အထူးသင့်တော်ပါသည်။

သင်၏ စိုက်ခင်းတွင် ပိုတက်ဆီယမ် ဓာတ်မြေသြဇာ အသုံးပြုခြင်းနှင့် ပတ်သက်၍ သိရှိလိုသည်များရှိပါကMyanma Awba _ Comet Fertilizer Page တွင် ဆွေးနွေးမေးမြန်းနိုင်ပါသည်။ ကောမက် Hi-K အကြောင်း ပိုမိုသိရှိလိုပါကလည်း အသေးစိတ် ဆက်သွယ်နိုင်ပါသည်။

Relate Products

ဆက်စပ် ထုတ်ကုန်များ