ပဲမျိုးစုံ စိုက်ပျိုးရာတွင် မှန်ကန်သော မြေဩဇာ ရွေးချယ်အသုံးပြုနည်း

ပဲမျိုးစုံ စိုက်ပျိုးရာတွင် နိုက်ထရိုဂျင်မြေဩဇာများကို အထူးတလည် ကျွေးစရာမလိုပေ။ သို့သော် မြေဆီဩဇာ ထက်သန်မှုနည်းသော မြေများ၊ အာဟာရဓာတ် လိုအပ်ချက်ရှိသော စိုက်ခင်းများတွင် ပဲမျိုးစုံ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးပြီး အထွက်နှုန်းတိုးစေရန်အတွက် စနစ်တကျ မြေဩဇာ ထည့်သွင်းပေးရန် လိုအပ်ပါသည်။

၁။ ပဲမျိုးစုံနှင့် နိုက်ထရိုဂျင် (Nitrogen)

ပဲမျိုးစုံ၏ ထူးခြားချက်မှာ လေထဲက နိုက်ထရိုဂျင်ကို ပဲမြစ်ဖုလေးများမှတစ်ဆင့် ဖမ်းယူဖြည့်ဆည်းပေးနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် နိုက်ထရိုဂျင်မြေဩဇာကို အလွန်အကျွံ ကျွေးရန်မလိုပါ။

  • နိုက်ထရိုဂျင် လွန်ကဲပါက အပင်နှင့် အရွက်များသာ ကြီးထွားပြီး သီးတောင့်နည်းခြင်း၊ အစေ့အဆံသေးခြင်းများ ဖြစ်ပေါ်တတ်သည်။

  •  အပင်ပိုင်း ကြီးထွားမှု လွန်ကဲခြင်းကြောင့် ပိုးမွှား၊ ရောဂါဒဏ် ခံနိုင်ရည်နည်းသွားနိုင်သဖြင့် စနစ်တကျသာ ကျွေးသင့်သည်။ မြေဆီဩဇာ နည်းပါးပါက မစိုက်ပျိုးမီ သဘာဝမြေဩဇာနှင့် နိုက်ထရိုဂျင်အနည်းငယ် ကြိုတင်ကျွေးသင့်ပါသည်။

 ပဲမျိုးစုံနှင့် ဖော့စဖိတ် (Phosphorus)

ဖော့စဖိတ်ဓာတ်သည် ပဲမျိုးစုံ၏ အမြစ်စနစ် ဖွံ့ဖြိုးစေရန် အတွက် အဓိက အထောက်အကူပြုသည်။ ပဲမျိုးစုံသည် အာဟာရ အစားကြီးသော သီးနှံမဟုတ်သော်လည်း အပင်ကောင်းစွာ ဖွံ့ဖြိုးပြီး အထွက်တိုးစေရန်အတွက် ဖော့စဖိတ်ဓာတ်ကို အနည်းငယ် ဖြည့်တင်းပေးသင့်သည်။

ပဲမျိုးစုံနှင့် ပိုတက်စီယမ် (Potassium)

ပိုတက်စီယမ်သည် ပဲပင်များကို ကျန်းမာသန်စွမ်းစေပြီး ရာသီဥတုဒဏ်နှင့် ပိုးမွှား၊ ရောဂါများကို ကြံ့ကြံ့ခံနိုင်စေသည်။

  • ပဲမျိုးစုံ အစေ့အဆံပြည့်ဝစေခြင်း၊ အရောင်အသွေး လှပစေခြင်းနှင့် အလေးချိန်စီးစေခြင်းတို့အတွက် အရေးကြီးဆုံး အာဟာရဓာတ် ဖြစ်သည်။

 အနှစ်ချုပ်နှင့် အကြံပြုချက်

ပဲစိုက်ပျိုးသူများအနေဖြင့် မိမိတို့၏ ပဲခင်းအတွင်း အာဟာရဓာတ် ချို့တဲ့မှု ရှိ/မရှိကို ဂရုတစိုက် စစ်ဆေးရန် လိုအပ်ပါသည်။

အာဟာရဓာတ် ချို့တဲ့မှု မဖြစ်ပေါ်စေရန် ပဲမျိုးစုံ၏ လိုအပ်ချက်နှင့် ကိုက်ညီသော “ရွှေကောမက် ပဲမျိုးစုံ မြေသြဇာ” ကို မြေခံအဖြစ် ထည့်သွင်း အသုံးပြုပေးခြင်းဖြင့် အထွက်နှုန်းနှင့် အရည်အသွေးကို တစ်ပြိုင်နက်တည်း ရရှိနိုင်မည် ဖြစ်ပါသည်။

 မှတ်ချက်: သီးနှံပင်များ ကျန်းမာသန်စွမ်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြေဆီလွှာ အခြေအနေပေါ် မူတည်၍ မြေဩဇာကို အချိုးကျ မှန်ကန်စွာ ကျွေးမွေးပါ။

 သင်၏ ပဲစိုက်ခင်းတွင် မြေဩဇာ အသုံးပြုမှုနှင့် ပတ်သက်၍ အခက်အခဲများ ရှိနေပါက Myanma Awba – Comet Fertilizer Page တွင် ဆွေးနွေးမေးမြန်းနိုင်ပါသည်။

Relate Products

ဆက်စပ် ထုတ်ကုန်များ