ပြောင်းသီးနှံ အထွက်နှုန်းတိုးစေမည့် အာဟာရဓာတ် လိုအပ်ချက်များ

ပြောင်းသီးနှံ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်အတွက် နေရောင်ခြည်၊ ရေနှင့် အာဟာရရရှိမှုတို့သည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ အပင်ကြီးထွားမှု အဆင့်ဆင့်တွင် အာဟာရ လုံလောက်စွာ ရရှိစေခြင်းဖြင့် အထွက်နှုန်းကို အမြင့်ဆုံး ရရှိနိုင်မည် ဖြစ်သည်။

ပြောင်းသီးနှံအတွက် လိုအပ်သော ဓိက အာဟာရဓာတ်များ

ပြောင်းသီးနှံတစ်တန် ထွက်ရှိရန်အတွက် အပင်သည် မြေဆီလွှာမှ အောက်ပါ အာဟာရဓာတ်များကို စုပ်ယူစားသုံးပါသည်။

အာဟာရဓာတ် လိုအပ်သောပမာဏ (ပြောင်း ၁ တန်အတွက်)
နိုက်ထရိုဂျင် (N) ၂၂ – ၃၀ ကီလိုဂရမ်
ပိုတက်စီယမ် (K) ၁၆.၃ ကီလိုဂရမ်
ဖော့စဖိတ် (P) ၄.၅ ကီလိုဂရမ်
ဆာလဖာ (S) ၅.၂ ကီလိုဂရမ်
ဇင့် (Zn) ၂၄ ဂရမ်

မှတ်ချက် – လိုအပ်မည့် မြေသြဇာပမာဏမှာ မြေနေရာဒေသ၊ ယခင်စိုက်ပျိုးခဲ့သည့် သီးနှံနှင့် မြေဆီလွှာ အခြေအနေပေါ် မူတည်၍ အနည်းငယ်ကွဲပြားနိုင်ပါသည်။

အပင်ကြီးထွားမှု အဆင့်ဆင့်နှင့် အာဟာရ စီမံခန့်ခွဲမှု

ပြောင်းပင်၏ သက်တမ်းတစ်လျှောက် အရေးပါသော အာဟာရဓာတ်များကို အောက်ပါအတိုင်း ဖြည့်တင်းပေးရန် လိုအပ်ပါသည်။

၁။ နိုက်ထရိုဂျင် (N) – ပင်ပိုင်းကြီးထွားမှုအတွက်

နိုက်ထရိုဂျင်၏ ၇၅% ကို ပင်ပိုင်းကြီးထွားမှုကာလမှ အနှံမထွက်မီတွင် အများဆုံး လိုအပ်သည်။ ဤကာလတွင် ချို့တဲ့ပါက အပင်ကြီးထွားမှု နှေးကွေးခြင်း၊ အရွက်သေးခြင်းနှင့် အစေ့အဆံနည်းခြင်းတို့ ဖြစ်ပေါ်စေသည်။ ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန်ကြားတွင်လည်း နိုက်ထရိုဂျင် ရရှိနေမှုသည် ပရိုတိန်းပါဝင်မှုနှင့် အစေ့အရွယ်အစားအတွက် အလွန်အရေးကြီးသည်။

၂။ ပိုတက်စီယမ် (K) – အပင်သန်မာစေရန်

ပိုတက်စီယမ်၏ ၅၀% ကို ပင်ပိုင်းကြီးထွားမှုမှ ပန်းပွင့်ချိန်အတွင်း လိုအပ်သည်။ ပိုတက်စီယမ်သည် ဆဲလ်နံရံများကို သန်မာစေပြီး အပင်ကို တောင့်တင်းစေသည်။ ထို့အပြင် မိုးခေါင်ခြင်း၊ ပိုးမွှားရောဂါဒဏ်ကို ခံနိုင်ရည်ရှိစေကာ ပြောင်းဆံ၏ အရည်အသွေးကို မြင့်မားစေသည်။

၃။ ဖော့စဖိတ် (P) – အမြစ်နှင့် အဖူးအစေ့အတွက်

ဖော့စဖိတ်၏ ၄၅% ကို ပန်းပွင့်ချိန်တွင် အများဆုံး လိုအပ်သည်။ အပင်ငယ်စဉ်တွင် အမြစ်ဖွံ့ဖြိုးမှုကို အားပေးပြီး ပန်းပွင့်ချိန်တွင် အဖူးအစေ့များ ပြည့်ဝစေရန်နှင့် ရင့်မှည့်မှု ညီညာစေရန် ကူညီပေးသည်။

 နိဂုံးချုပ်

ပြောင်းစိုက်တောင်သူ ဦးကြီးများအနေဖြင့် မိမိတို့၏ မြေဆီလွှာ အခြေအနေကို သိရှိပြီး အာဟာရများကို အချိန်ကိုက်၊ အချိုးကျ မှန်ကန်စွာ ဖြည့်တင်းပေးခြင်းဖြင့် အထွက်နှုန်း တိုးပွားပြီး ဈေးကွက်တွင် ပိုမိုကောင်းမွန်သော ဈေးနှုန်းများ ရရှိနိုင်မည် ဖြစ်ပါသည်။

ဦးကြီးတို့၏ ပြောင်းစိုက်ခင်းအတွက် မြေသြဇာကျွေးနှုန်းများ သို့မဟုတ် အာဟာရချို့တဲ့မှု လက္ခဏာများနှင့် ပတ်သက်၍ သိရှိလိုသည်များရှိပါက Myanma Awba – Comet Fertilizer တွင် ဆွေးနွေးမေးမြန်းနိုင်ပါသည်။