ဆင်ငိုမြက်(Goose grass)

 

သိပ္ပံအမည် – Eleusine indica ( L.) Gaertner

Common name – Goose grass

Family – Poaceae

ဆင်ငိုမြက်(Goose grass)
ဆင်ငိုမြက်(Goose grass)

တစ်နှစ်ခံပင်မျိုးဖြစ်ပြီး အခြေမှဖြာထွက်၍သော်လည်းကောင်း အမြင့်သို့ ထောင်မတ်၍ ၄၀-၈၀ စင်တီမီတာ အမြင့်ထိ လည်းကောင်း ပေါက်သည်။

ပင်စည်အောက်ခြေမှ ကိုင်းများစွာ ထွက်ပြီး အောက်ပိုင်း အဆစ်များမှ အမြစ်များထွက်သည်။

ပင်စည်သည် ဘေးတိုက်ပြားပြီး အဖြူရောင် သို့ အစိမ်းဖျော့ရောင် ရှိသည်။

အရွက်အပေါ်မျက်နှာပြင်တွင် အမွေးအနည်းငယ်ရှိသည်။

ရွက်ပြားနှင့် ရွက် ဆုံရာရွက်နားတွင် အမွေးရှည်များရှိသည်။

ပန်းခိုင်အစုသည် ပန်းခိုင် ၃ ခုမှ ၈ ခုဖြင့် ဖွဲ့စည်းထားသည်။

အစေ့သည် နီညိုရောင် သို့မဟုတ် အနက်ရောင်ရှိပြီး ထင်ရှားသောအမြှောင်းများ ပါရှိသည်။

အများ အားဖြင့် အစေ့နှင့်မျိုးပွားပြီး မျိုးစေ့အချို့တွင် အစေ့ငုပ်ခြင်းရှိသည်။

သို့သော် အစေ့ငုပ် ကာလ တိုတောင်းသည်။

ယာသီးနှံခင်းများ၊ နှစ်ရှည်ပင်များ၊ ဟင်းသီးဟင်းရွက်ခင်းများတွင် အများဆုံးတွေ့ရသည်။