ဖော့မြက်(Bamboo grass)

သိပ္ပံအမည် – Hymenachne amplexicaulis ( Rudge ) Nees
Common name – Bamboo grass
Family – Poaceae
နှစ်ရှည်ခံအပင်မျိုးဖြစ်သည်။
ပင်စည်မှာ သန်မာအရည်ရွှမ်းပြီး ရေမျက်နှာပြင်ပေါ် ပြန့်ကြဲလျက်ပေါက်ပြီး ထိပ်ပိုင်းမှာ အပေါ်သို့ ထောင်မတ်သည်။
၃၅၀ စင်တီမီတာအထိရှည်လျားပြီး အောက်ပိုင်းအဆစ်များမှ အမြစ်ထွက်သည်။
ဆစ်ကြားပိုင်းနေရာမှာ ဖောင်းပွပြီး အနီရောင်ရှိသည်။
အရွက်သည် ရှည်မျောမျောလှံသွားပုံရှိ၍ ထိပ်ချွန်သည်။
ပန်းခိုင်မှာ ထုလုံးရှည်ပုံရှိ၍ ရှည်လျားသည်။ ထပ်ဆင့်ပန်းခိုင်များ ပြွတ်သိပ်လျက်ပေါက်ပြီး လှံသွားပုံထိပ်ချွန်သည်။
ပန်းပွင့်ရိုးတံမှာ လွှသွားပုံဖြစ်ပြီး အမွေးပါသည်။လယ်စပါးခင်းများ၊ရေဝပ်မြေများတွင် အများဆုံးတွေ့ရသည်။
