မြက်ကြိမ်၊ မြက်ခါး(Torpedo grass)

မြေနိမ့်ပိုင်း ရေဝပ်ရေအိုင်များ၊ လယ်စပါးခင်းများနှင့် ယာသီးနှံအချိူ့တွင် အများဆုံးတွေ့ရသည်။
နှစ်ရှည်ခံပင်မျိုးဖြစ်ပြီး ပင်စည်သေးသွယ်၍ အရင်းပိုင်းသည် မြေပေါ်၌ တွားသွားသည်။
အမြစ်သည် အဆစ်များမှထွက်ပြီး မြေအောက်ပင်စည်မှာ သန်မာ၍ ရွက်ဖတ်များဖြင့် ဖုံးအုပ်ထားသည်။
အရွက်သည် သေးသွယ်ရှည်လျား၍ စိမ်းပြာရောင်ရှိပြီး မျက်နှာပြင်အပေါ်ဘက်တွင် အမွေးအနည်းငယ်ရှိသည်။
အောက်မျက်နှာပြင်မှာမူ ချောမွေ့နေသည်။
ပန်းခိုင်သည် ထိပ်ထွက်ကိုင်းဖြာပန်းခိုင်ဖြစ်ပြီး အဖြူရောင် ရှိသည်။ ထပ်ဆင့်ပန်းခိုင်များမှာ အစိမ်းနုရောင် ဘဲဥပုံရှိသည်။
အစေ့မှာ အဖြူဖျော့ရောင် သို့မဟုတ် ကောက်ရိုးရောင်ရှိသည်။
ရေဝပ်သည့်နေရာများတွင် တွေ့ရလေ့ရှိပြီး ပင်ပိုင်းအားဖြင့်လည်းကောင်း မြေအောက်ပင်စည်အားဖြင့်လည်းကောင်း မျိုးပွားပါသည်။
