ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-02-24
Share to
အလွယ်ကူဆုံး နွားချေးမြေဆွေးပြုလုပ်နည်း

မြန်မာ့သြဘာကောမက်ဓာတ်မြေသြဇာ၏ တောင်သူကြီးများခင်ဗျာ လွန်ခဲ့သော တစ်ပတ်က နွားချေးမြေသြဇာ၏ ကောင်းကျိုးများကို ရေးသားဖော် ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော နွားချေး မြေဆွေး မြေသြဇာ ပြုလုပ်နည်း အများအပြား ရှိသည့်အနက် တောင်သူတိုင်းအလွယ်တကူ ပြုလုပ်နိုင်မည် နွားချေးမြေဆွေးပြုလုပ်နည်း အကြောင်းကို ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ။

နွားချေးမြေဆွေးပြုလုပ်ရာတွင် -
၁) နွားချေးနှင့် အခြားသော သစ်ရွက်ဆွေး၊ ကောက်ရိုးဆွေးများကို ရေလောင်းရလွယ်ကူပြီး မွှေရလွယ်ကူစေသော အရွယ်အစား ပုံထားပါ။
၂) ပုံထားသော နွားချေးနှင့် အခြားအရာများမှာ ခြောက်နေပါက ရေလောင်းပြီး အပေါ်အောက်လှန်ပေးပါ။
၃) ရေလောင်းပြီးပါက ပလပ်စတစ် အမဲ ဖြင့် နှစ်ထပ်သုံးထပ် ဖုံးအုပ်ပေးပါ။
၄) နှစ်ပတ်ကြာလျှင် ပလပ်စတစ်အားပြန်ခွာပြီး ရေလောင်း၍ အပေါ်အောက်လှန်ကာ ပြန်ဖုံးပေးထားရမည်။ ထိုအချိန်တွင် အပူချိန်အရမ်း မြင့်နိုင် သောကြောင့် သေချာစနစ်တကျလုပ်ဆောင်ရမည်။
၅) နောက်ထပ် ၂ပတ်ကြာပါက စိုက်ခင်းအတွင်းအသုံးပြုနိုင်သော နွားချေးမြေဆွေးများကို ရရှိနိုင်မည်ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ တောင်သူကြီးများ အလွယ်တကူနှင့် လျှင်လျှင်မြန်မြန် တစ်နိုင်တစ်ပိုင်ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ မျှဝေပေးခြင်းဖြစ်ပါသောကြောင့် လိုအပ်ချက်များ ရှိပါက နားလည်ပေးကြပါခင်ဗျာ။ နောက်အပတ်များမှာလည်း ယခုထက် ပိုကောင်းမွန်သော နည်းလမ်းများကို တင်ဆက်ပေးသွားမျာဖြစ်ပါတယ်ခင်ဗျာ။