ကောမက်ဘီတာ

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ကောမက်ဘီတာ
ပါဝင်သော အာဟာရဓာတ် Micro nutrients
ဆေးအမျိုးအစား ရွက်ဖျန်းအားဆေး
‌‌ဆေးပြန့်နှံ့ပုံ သီးနှံပင် ငယ်ရွယ်စဉ်အတွက် အဓိကလိုအပ်သော နိုက်ထရိုဂျင် ၊ ဖော့စဖိတ် ဓါတ် နှင့် အနည်းလို အာဟာရဓါတ် များပါဝင်ပြီးအပင်မှ ပိုမို စုပ်ယူနိုင်သော ပုံစံဖြင့် ထုတ်လုပ်ထားခြင်းကြောင့် ဖျန်းပြီး နာရီပိုင်းအတွင်း အပင်အတွင်း သို့ အာဟာရ ဓါတ်များ ရောက်ရှိစေ နိုင်သည်။
‌အသုံးပြုနိုင်သော သီးနှံ သီးနှံစုံ
အသုံးပြုရမည့်အချိန် အပင် မှ အစာကို ကောင်းစွာ စုပ်ယူစားနိုင်ချိန် အပင်ပေါက်ပြီး ၁၅ ရက်မှ စတင်၍ အပင်အခြေအနေအပေါ်မူတည်၍ ၂- ၃ ကြိမ် ဖျန်းနိုင်ပါသည်။
နှုန်းထား ရေ ၂၀ လီတာ ဆေးဖျန်းပုံးတစ်ပုံးလျှင် ကောမက်ဘီတာ ၁ (၂၅စီစီ ) နှင့် ကောမက်ဘီတာ ၂ (၂၅စီစီ) ရောစပ်ပက်ဖျန်းပါ။
အဓိကအကျိုးကျေးဇူးများ
  • ပဲပင် လျှင်မြန်စွာ ကြီးထွားစေခြင်း။
  • အစာချက်လုပ်မှုပိုမိုကောင်းမွန်စေခြင်း။
  • ကိုင်းဖြာထွက်မှု ပိုကောင်းခြင်း။
  • အရွက်အရောင်ပိုစိမ်းစေခြင်း။
  • အပွင့်အသီး စောစေခြင်း နှင့်။
  • အထွက်နှုန်းတိုးစေခြင်း စသော အာနိသင်များရရှိစေပါမည်။။

ဆက်စပ်ထုတ်ကုန်များ