ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-28
Share to
ပဲမြစ်ခြောက်ဆွေးရောဂါ

ရောဂါပင်ပြလက္ခဏာ

ပဲပင်၏ အောက်ခြေပင်စည်နှင့် အမြစ်ပေါ်တွင် အညိုရောင် အဝိုင်းများဖြစ်လာပြီး နီညိုရောင်အနားသတ်ပါသော နေလောင်ကွက်များကဲ့သို့ စတင်ဖြစ်ပေါ်လာသည်။

အနာကွက်များ တဖြည်းဖြည်း ကြီးထွားလာပြီး ပင်စည်တစ်ခုလုံး ပတ်သွားပါက အပင်ပုံမှန်ကြီးထွားခြင်းကို နှောက်ယှက်သည်။

  1. ရောဂါဆိုးရွားလာပါက အရွက်နှင့် ပင်စည်များ ကောက်ရိုးခြောက်ရောင်ပြောင်းပြီး သေသွားခြင်း၊
  2. ထိုအပင်ကို နှုတ်ကြည့်ပါက အမြစ်မွှားများမြေထဲတွင် ပြတ်ကျန်နေခဲ့ပြီး မီးခိုရောင်မှိုမျှင်များဖြစ်ပေါ်နေသော ရေသောက်မြစ်သာပါလာခြင်း၊
  3. စိုက်ခင်းအတွင်းပန်းပွင့်ချိန်တွင် အတွေ့ရများကာ အစုလိုက် အပြုံလိုက် ဖြစ်ပွားပြီး အထွက် ၃၀ % ထိလျော့ကျ စေနိုင်ခြင်း၊

ချက်ခြင်း သိနိုင်သော လက္ခဏာမှာ အပင်အောက်လက်ဝါခြင်း၊ အမြစ်မှိုစွဲခြင်း တို့ပင်ဖြစ်သည်။

ကာကွယ်နှိမ်နင်းပုံ

  1. ပဲ၊ အာလူးကဲ့သို့ သီးနှံများကို ဆက်တိုက်စိုက်ပျိုးခြင်းမှ ရှောင်ကျဉ်ခြင်း။
  2. သွင်းရေနှင့် မြေမှုန်များ ရွေ့လျားမှုများမှ တစ်ဆင့် ကူးစက်ပြန့်ပွားနိုင်သောကြောင့် ရောဂါဖြစ်ဖူးသော စိုက်ခင်းမှတဆင့် ရေသွင်းခြင်းများ သတိထားရမည်။
  3. မြေစေးမြေထက် သဲနှုန်းမြေများတွင် ပိုမိုဆိုးရွားနိုင်ခြင်း၊
  4. ခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးခြင်း၊ ပဲမျိုးရင်းဝင်မဟုတ်သော အခြားသီးနှံများနှင့် သီးလှည့်စိုက်ပျိုးခြင်း၊
  5. မစိုက်ခင်ကတည်းက မျိုးစေ့ ကို လူးနယ်ဆေးများဖြင့် လူးကာ စိုက်ပျိုးခြင်း၊
  6. အပင်ငယ်စဉ်ကတည်းက မှိုရောဂါ ကာကွယ်ဆေးများအသုံးပြုခြင်း စသည်တို့ကိုပြုလုပ်ပေးခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။
News

ဆက်စပ်သတင်းများ

September 20, 2024