ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-28
Share to
ကြက်သွန်အထွက်တိုးဖို့ ရွက်ဖျန်းအားဆေးဘယ်ချိန်မှာသုံးမလဲ?

စိုက်ပျိုးထားသောကြက်သွန်များ အရည်အသွေးကောင်းပြီး အထွက်တိုးစေရန် အပင်သက်တမ်းအလိုက် လိုအပ်သောအာဟာရဓာတ်များကို မှန်ကန်စွာပေးသင့်သည်။ ကြက်သွန်ပင် သက်တမ်းအလိုက် ဖျန်းနိုင်သောရွက်ဖျန်းအားဆေးများကို ဖော်ပြပေးလိုက်ပါသည်။

(၁) ကြက်သွန်ပျိုးခင်းတွင် (၁၀)ရက်သားမှစ၍ ကောမက် အားကောင်း (ကြက်သွန်) နှင့် တင်ပိုကို တစ်ပတ်ခြား တစ်ကြိမ် ပက်ဖျန်းပေးပါ။

(၂) ပျိုးထောင် ရွှေ့ပြောင်းစိုက်ပြီး ကြက်သွန်ခင်းများတွင် (၁၅) ရက်သားမှ စတင်၍ အပင်ဟော်မုန်းဆေးဖြစ်သော ကောမက်အားကောင်းနှင့် မိုရယ်လ်မုန်း (သို့) ကောမက် ထရေစ့်တို့ကို (၇-၁၀) ရက်ခြား တစ်ကြိမ် ပက်ဖျန်းပါ။

(၃) ကြက်သွန်ဥများ ကြီးထွား၍ အထွက်နှုန်း မြင့်မားစေရန် ကြက်သွန်ဥများ စတင်ဥဆင်းချိန် (စိုက်ပြီး တစ်လခန့်အကြာ) ကြက်သွန်ရွက် (၄-၈) ရွက် ရှိချိန်တွင် ကောမက်မိုးကေ၊ ဂိုးလ် ၅၀ အက်စ်စီနှင့် ကောမက် ထရေစ့် တို့ကိုလည်း ပက်ဖျန်းပေးပါ။

(၄) စုပ်စားပိုးများ ကျရောက်မှု သက်သာစေရန် အပင် (၃) ပတ်သား အရွယ်မှစ၍ ရေတစ်ဂါလန်လျှင် ကယ်လ်ဘိုမဂ်စူပါ ၅-၁၀ စီစီ (ဟင်းစားဇွန်း တစ်ဝက်မှ တစ်ဇွန်း) နှုန်း ဖျော်၍ (၁၀) ရက် တစ်ကြိမ်ဖြင့် မတူးဖော်မီ (၂-၃) ပတ်အလိုထိ ဖျန်းပေးပါ။

(၅) ကြက်သွန်နီခင်းတွင် အသုံးပြုသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းသည့်အခါတိုင်း ၎င်းတို့၏ အာနိသင် ပိုမို ထူးကဲစွာ ရရှိစေရန်အတွက် ဝမ်းဒါး ပြန့်ဆေး၊ ကပ်ဆေးကို မဖြစ်မနေ ပူးတွဲအသုံးပြုသင့်ပါသည်။

ကြက်သွန်စိုက်တောင်သူကြီးများ အရည်အသွေးကောင်းသော ကြက်သွန်များ ထွက်ရှိပြီး ဈေးကောင်းရကြပါစေ ခင်ဗျာ။

News

ဆက်စပ်သတင်းများ

September 21, 2024