ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-28
Share to
ပဲတီစိမ်းအတွက် ရွက်ဖျန်းအားဆေးရွေးချယ်အသုံးပြုခြင်း

ပဲတီစိမ်းစိုက်ပျိုးပြီးနောက် အရည်အသွေးကောင်းပြီး အထွက်တိုးစေရန် အပင်သက်တမ်းအလိုက် လိုအပ်သော ရွက်ဖျန်းအားဆေးရွေးချယ်အသုံးပြုနည်းကို ဖော်ပြပေးလိုက်ပါသည်။

ပဲတီစိမ်းအပင်ပေါက်ပြီး (၂)ပတ်သားမှစ၍ ပွင့်ဖူးမဝင်ခင်အထိ ကောမက်ဘီတာ (သို့) ကောမက်ဇီတာကို (၇-၁၀)ရက်ခြား တစ်ကြိမ်ဖျန်းပါ။
ကုန်းကျသောနေရာ၊ ချိုင့်ကျသောနေရာတွင် အပင်များပု၍ ကျန်နေပါက ၎င်းနေရာတစ်ဝိုက်တွင် (၃-၅)ရက်ခြား တစ်ကြိမ်ဖြင့် (၂-၃)ကြိမ်သီးသန့် ဖျန်းပေးလျှင် တစ်ကွက်လုံးပုံမှန်ကြီးထွားသန်စွမ်းမှုကို ရရှိစေပါသည်။
ပွင့်ဖူးဝင်ချိန်မှ အစေ့တည်ချိန်အထိ အပင်ဟော်မုန်းဆေး တင်ပိုနှင့် ကောမက်ထရေ့စ်တို့ကို (၇-၁၀) ရက်ခြားတစ်ကြိမ်ဖျန်းပေးပါက မျိုးကူးစပ်မှုအောင်မြင်ပြီး အစေ့များခြင်း၊ အလေးချိန်စီးခြင်းကြောင့် အထွက်တိုးစေပါသည်။

ပဲတီစိမ်းကဲ့သို့ အကြိမ်ကြိမ်ခွဲကောက်ရသော ပဲမျိုးတွင် ပဲတစ်ကြိမ်ကောက်ပြီးတိုင်း ကောမက်အားကောင်း(ပဲတီစိမ်း) နှင့် မိုရယ်မုန်း၊ ကယ်လ်ဘိုမက်စူပါ ရောပြီးဖျန်းပါက ပဲကောက်ရသည့်အကြိမ်တိုးပြီးအထွက်ပါတိုးစေသည်။
ပန်းပွင့်ချိန်တွင် ပင်ပိုင်းကြီးထွားမှုများ၍ အပင်ဟုန်နေပါက ဂိုးလ် ၅၀အက်စ်စီ ကိုမဖြစ်မနေ ဖျန်းပေးပါက အပွင့်၊ အသီး၊ အစေ့များများတင်စေပြီး အထွက်တိုးစေပါသည်။
ပဲမျိုးစုံတွင် အသုံးပြုသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး နှင့် ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းတိုင်း ၎င်းတို့၏ အာနိသင် ပိုမိုထူးကဲစွာရရှိစေရန်အတွက် ဝမ်းဒါး ပြန့်ကပ်ဆေးကို မဖြစ်မနေပူးတွဲအသုံးပြုပေးပါ။

News

ဆက်စပ်သတင်းများ

September 20, 2024