မျိုး
အထွက်ကောင်းသော ရေဆင်း ၃၊ ရေဆင်း ၄၊ ရေဆင်း ၅ မျိုးများကို စိုက်ပါ။ မြန်မာပြည် အထက်ပိုင်း ရေသွင်း စိုက်ဧကများအတွက် ရေဆင်း(၄) မျိုးကို စိုက်ပျိုးပါ။ အပင်ပေါက်စအချိန်တွင် ရောဂါနှင့် ပိုးမွှားများ ကျရောက်မှု မရှိစေရန် မျိုးစေ့များကို မြန်မာ့သြဘာ မျိုးစေ့လူးနယ်ဆေးဖြင့်လူးနယ်ပြီးမှ စိုက်ပျိုးပါ။
စိုက်စနစ်
ကြဲပက်စနစ်၊ စိုက်ကြောင်းစနစ် အမျိုးမျိုးဖြင့် စိုက်ပျိုးနိုင်ပါသည်။ လယ်သီးထပ် အနိမ့်ကွင်းများတွင် အစိုဓာတ်နှင့် စိုက်ချိန်ကို လိုက်၍ရေလိုက်ကြဲစနစ်ကို သုံးပါ။ ကြဲပက်စနစ်တွင် တစ်ဧက အပင်ဦးရေ ၁ သိန်း ၃ သောင်းခန့် ဝင်အောင် လက်ဆညီညီနှင့် ကြဲပက်ရပါမည်။ စိုက်တန်းစနစ်တွင် တန်းကြား ၁ ပေ၊ ပင်ကြား ၄ လက်မ ရအောင်စိုက်ပါ။ မျိုးစေ့များ မြေတွင် ၁ လက်မ ၁.၅ လက်မ အနက်အတွင်း ရအောင်စိုက်ပါ။
စိုက်ချိန်
လယ်သီးထပ်အတွက် နိုဝင်ဘာမှ ဒီဇင်ဘာ ဒုတိယပတ်အတွင်း ပြီးအောင် စိုက်ပါ။ ယာသီးထပ်အတွက် စက်တင်ဘာမှ အောက်တိုဘာလစိုက်ပါ။ ရေသွင်းစိုက်ဒေသအတွက် ဧပြီ၊ မေလအတွင်း စိုက်ပါ။
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာသုံးစွဲခြင်း
မြေပြင်ချိန်တွင် ရွှေကောမက် ပဲအထူး (၁) အိတ် မြေခံအနေဖြင့် ထည့်ပေးပါ။ ကောမက်ဂျစ်ပ်ဆမ် တစ်ဧကလျှင် (၁) အိတ်နှုန်း ထည့်ပေးခြင်းဖြင့်အထွက်နှုန်း တိုးစေပါသည်။
မတ်ပဲစိုက်ပြီး (၁၀-၁၅) ရက်သားမှစ၍ သီးပွင့်ချိန်အထိ ကောမက် ဘီတာကို ၁၀ ရက်ခြား တစ်ကြိမ် ဖျန်းပေးပါ။
မတ်ပဲ ပန်းစတင်ပွင့်ချိန်မှစ၍ ကောမက်အားကောင်းကို ဖျန်းပေးပါ။
ပိုးမွှား၊ ရောဂါနှင့် ပေါင်းမြက်နှိမ်နင်းခြင်း
အပင်တစ်လသားအတွင် ပေါင်းမြက်ကင်းစင်ရန် လိုအပ်ပါသည်။ အပင်ငယ်စဉ်မှစ၍ ပျ၊ လှေး၊ ပင်စည်ထိုးယင်များကို ကာကွယ်ပါ။ အဝါရောင်မိုဇေ့ရောဂါ မဖြစ်ရန် ယင်ဖြူများကို ကာကွယ်ပါ။
ရိတ်သိမ်းခြင်း
မတ်ပဲတောင့်များ အစိမ်းရောင်၊ အနက်ရောင်သို့ (၇၅%) အထိ အရောင်ပြောင်းချိန်တွင် ရိတ်သိမ်းပါ။
ပေါင်းသတ်ဆေး အသုံးပြုခြင်း
ပေါင်းသတ်ဆေးဖျန်းရာတွင် ပဲခင်းများအတွင်း အစိုဓာတ်အနည်းငယ်ရှိပါက ပိုမိုထိရောက်ပါသည်။ ဆေးမဖျန်းမီနှင့် ဆေးဖျန်ပြီး မြေသြဇာကျွေးခြင်း၊ ရွက်ဖျန်းမြေသြဇာနှင့် ဆေးဖျန်းခြင်းများ မပြုလုပ်သင့်ပါ။ ဆေးဖျော်စပ်ရာတွင် ရေကြည်၊ ရေသန့်ကိုသာ အသုံးပြုသင့်ပါသည်။
ဖော်ဝမ်း - မတ်ပဲ၊ ပဲတီးစိမ်း၊ ပဲပုပ်သီးနှံများတွင် ပေါက်သော ရွက်ပြန့်ပေါင်းများကို ရွေးချယ် သတ်ပေးနိုင်သည်။ ထိသေဆေးဖြစ်၍ ပေါင်းပင်အစိတ်အပိုင်း အာလုံးကို ဆေးထိအောင် နှံ့နှံ့စပ်စပ် ပက်ဖျန်းမှ ထိရောက်သည်။ ပေါင်းပင်ငယ်စဉ်သုံးလျှင် ပို၍ ထိရောက်သည်။ မတ်ပဲ၊ ပဲတီစိမ်း၊ပဲပုပ်မှလွဲ၍ အခြားသီးနှံများတွင် အသုံးမပြုသင့်ပါ။
ဖော်ကျွန်း - ပဲမျိုးစုံ၊ မြေပဲ၊ ဝါ၊ ဖရဲ၊ ဟင်းသီးဟင်းရွက်သီးနှံများတွင် ပေါက်သော မြက်ပေါင်းများကို ထိရောက်စွာ နှိမ်နှင်းနိုင်သည့် ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်သည်။ ပေါင်းပင်အရွက် (၃-၅) ရွက် ထွက်ချိန်တွင် အသုံးပြုပါ။ ဂျုံ၊ ပြောင်းတို့တွင် မသုံးရပါ။