ပေါင်းနှိမ်နှင်းရာတွင် (၁)မြေပဲစိုက်ပြီးပြီးခြင်းမြေပြင်ကိုဖျန်းပက်ခြင်း၊ (၂) မြေပဲပေါက်ပြီးမှ ပေါင်းနှိမ်နှင်းခြင်း ဟု (၂) မျိုးရှိပါသည်။ ထို (၂) မျိူးစလုံးအတွက်အဆင်ပြေစေသော ရွေးခြယ်ပေါင်းသတ်ဆေး ဟက်ကာ အသုံးပြုပုံကိုတင်ပြလိုက်ပါသည်။
မြေပဲစိုက်ပြီးပြီးခြင်း မြေပြင်ကိုဖျန်းပတ်ခြင်း
မြေပဲရွေးချယ်ပေါင်းသတ်ဆေး ဟက်ကာ ကိုမြေပဲစိုက်ပြီးပြီးခြင်း၊ ကြမ်းတုန်းအုပ်ပြီးပြီးခြင်း၊ မြေပြင်အစိုဓာတ်ရှိနေချိန်တွင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ၈၀ စီစီနှုန်းဖြင့် တစ်ဧကကို ၅ ပုံးဝင်အောင်ဖျန်းပေးပါ။
မြေပဲပေါက်ပြီးမှ ပေါင်းနှိမ်နှင်းခြင်း
ပေါင်းပင်များနုစဉ် ၂-၄ ရွက်ထွက်ပြီး မြေအစိုဓာက်ကောင်းချိန်တွင် ဆေးတစ်ပုံးလျှင် ၆၀-၈၀ စီစီနှုန်းဖြင့် တစ်ဧကလျှင် ဆေးဖျန်းပုံး ၅ ပုံးနှုန်းဖြင့်ဖျန်းပေးပါ။
မြေအစိုဓါက်ကောင်းပြီး ပေါင်းနုပါက အသေမြန်ပြီး ပေါင်းရင့်၍အစိုဓာတ်နည်းလျှင် ပေါင်းသေနှုန်းနည်းပါသည်။ ပေါင်းသေချိန် ၇-၁၀ ရက် အထိကြာတတ်ပါသည်။
နှိမ်နှင်းနိုင်သော ပေါင်းများမှာ
မြက်အုပ်စုပေါင်းများ၊ ရွက်ပြန့်အုပ်စုပေါင်းများ၊ မုန်ညင်းအုပ်စုပေါင်းများ ဖြစ်ပါသည်။ မုန်ညင်းဥနက် ကိုတော့ နုစဉ်တွင် နှိမ်နှင်းပေးပါ။ မုန်ညင်းဥနက်သည် ဆေးဖျန်းစဉ်ရှိသောအပင်သေသွားသော်လည်း တွဲဆက်လျက်ရှိသောဥများမှ အပင်ထပ်ပေါက်တတ်ပါသည်။ မုန်ညင်းဥ နက်မှာ နှစ်စဉ်ဖျန်းသွားမှသာ တဖြည်းဖြည်းပါးသွားနိုင်ပါမည်။
သတိပြုရန်အချက်မှာ ပဲမဟုတ်သော အခြားသီးနှံများ သီးညှပ်စိုက်ထားသည့် အခင်းတွင် မဖျန်းရပါ။ ဒါ့အပြင် နောက်သီးနှံ နှမ်းစိုက်မည့် မြေပဲခင်းများတွင် ဟက်ကာအစား မက်တယ်ရွေးချယ်ပေါင်းအုပ်ဆေးကိုသာ ဖျန်းပါ။