ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-28
Share to
မြေပဲရောဂါ သတိပြုစရာ

ရွက်ပြောက်ရောဂါ

  • စိုက်ပြီး (၃-၅)ပတ်အတွင်း ကျရောက်သည်။
    အရွက်များပေါ်တွင် အညိုရောင်/အနက်ရောင် အကွက်အပြောက်များ ဖြစ်ပေါ်သည်။
  • ရောဂါပြင်းထန်ပါက အရွက်ကြွေကျမှု များသဖြင့် အထွက်သိသာစွာ လျော့စေပါသည်။
  • မှိုသတ်ဆေး အသုံးပြုမည်ဆိုပါက ယူနတီ ၊ သြဘာစွယ်စုံ ၊ ပရိုဝမ်း ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

သံချေးရောဂါ

  • အေး၍ စွတ်စိုသောရာသီတွင် ရောဂါပိုမိုဆိုးရွာသည်။
  • အရွက်၏ အောက်မျက်နှာပြင်တွင် လိမ္မော်ရောင် အဖုလေးများ စတင်ဖြစ်ပေါ်ပြီး နီညိုရောင်သို့ ပြောင်းလဲသွားသည်။
  • ရောဂါပြင်းထန်ပါက အရွက်အပေါ် မျက်နှာပြင်သို့ ကူးစက်သွားပြီး အရွက်များ ခြောက် သွားသော်လည်း အပင်တွင် တွယ်ကပ်နေသည်။
  • သံချေးရောဂါအတွက် ယူနတီ၊ သြဘာစွယ်စုံ ၊ ပရိုဝမ်းဆေးများအသုံးပြုနိုင်ပါသည်။

ခါးရိ(ခါးသိမ်)ရောဂါ

  • မြေပဲတွင် မျိုးစေ့ဆောင်နှင့် မြေဆောင်မှိုများကြောင့် အပင်မပေါက်မီ နှင့် အပင်ပေါက်ပြီးစတွင် ခါးရိ (ခါးသိမ်) ရောဂါ ဖြစ်စေသည်။
  • အပူချိန် နှင့် အစိုဓာတ်မျှတစွာ မရပါက အပင်ပေါက်နောက်ကျပြီး မှိုရောဂါများ ကျနိုင်ရာ မှိုအမျိုးအစားအလိုက် ရောဂါလက္ခဏာ ကွာခြားနိုင်ပါသည်။
  • ခါးရိရောဂါကာကွယ်ရန် မျိုးစေ့များကို မစိုက်မီ လုံးပိန်၊ လုံးညှပ်များ၊ အရောင်ပျက်နေသည့် အစေ့များကို ရွေးချယ် ဖယ်ရှားပါ။
  • မှိုသတ်ဆေးအသုံးပြုလိုပါက ရီဗိုက် ၊ယူနတီ ဆေးများအသုံးပြုပေးနိုင်သည်။

ပင်ရင်းပုပ်ရောဂါ

  • ရာသီဥတုခြောက်သွေ့၍ အပူချိန်မြင့်မားလာစဉ် မြေတွင်း အစိုဓာတ် လျော့နည်းသွားပါက စွယ်ချပြီး အပင်ကြီးများတွင် ကျလေ့ရှိသည်။
  • အပင်များ ရုတ်တရက် ညှိုးသေပါက နှုတ်ကြည့်လျှင် မြေကြီးနှင့် ထိကပ်ရာ ပင်စည်ပေါ်တွင် အမည်းရောင်မှို အစုအဝေးကို တွေ့ရသည်။
  • မြေကြီးနှင့် ထိကပ်ရာ ပင်စည်မှာ ဖွာလန်နေသည်။ ၎င်းမှိုသည် မြေပဲ အခွံ့ပေါ်မှတစ်ဆင့် အစေ့ထိရောက်ရှိကာ မျိုးစေ့ဆောင်အဖြစ် ပါ သွားသည်။
  • ၎င်းတို့ကို စိုက်ပါက မြေကြီးနှင့် ထိစပ်ရာနေရာတွင် အညိုဖျော့ရောင် ရေစိုနာဖြစ်ပြီး အပင်မပေါက်ခြင်းနှင့် အပင်ငယ်များ သေခြင်း ဖြစ်စေပါသည်။
  • ရောဂါကာကွယ်နှိမ်နင်းရန် အစိုဓာတ် ကောင်းစွာရရှိစေရန် စောစိုက်ပါ။ သီးလှည့်စိုက်ပါ။
  • ဓာတ်မြေသြဇာ အချိုးကျသုံးပါ။ ရေငတ်ပါက ရေသွင်းပေးပါ။
  • အတောင့်ရင့်မှည့်မူ ၇၀%ရှိလျှင် ရိတ်သိမ်းပါ။
  • ရီဗိုက် ၊ပရိုဝမ်းဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ပင့်ကူအိမ်ပုံ အနာကွက်

  • အောက်ပိုင်းရှိ အရွက်များ၏ အပေါ်မျက်နှာပြင်တွင် အညိုဖျော့ရောင် အစက် (သို့) အစင်းများသည် ပင့်ကူအိမ်ပုံ ဖြစ်နေသည်။
  • အနာကွက် များ ပေါင်းစပ်ကာ အညိုရင့်ရောက်ရှိ၍ အဝိုင်းနီးပါးပုံရှိ အနာကွက် ကြီးဖြစ်လာကာ တစ်ရွက်လုံး ဖုံးသွားနိုင်သည်။
  • အနာကွက် ပတ်လည် တွင် မထင်ရှားသည့် အနားရစ်ပါသည်။ နောက်ပိုင်းတွင် အရွက် အောက်မျက်နှာပြင်၌လည်း အနာကွက်တွေ့ရသည်။
  • ရွက်ညှာ၊ ရွက် စွယ်နှင့် ပင်စည်တို့ပေါ်တွင် တွေ့ရသည်။ ရောဂါပြင်းထန်ပါက အချိန် မတိုင်မီ အရွက်များ ကြွေစေသည်။
  • ဆင်နာဂျီ ၊ အိန်ဂျယ်လ်ဆေးများဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။

သပ်ပုံအနာကွက်ရောဂါ

  • အညှိုရင့်မှ အနက်ရောင်ရှိ အဝိုင်းပုံ (သို့) ပုံမမှန်သည့် အနာကွက်များကို အစက်အပြောက်အဖြစ် အရွက်မျက်နှာပြင် နှစ်ဘက်လုံးတွင် တွေ့ရ တတ်သည်။
  • အနာကွက်ငယ်များ ပေါင်းသွားနိုင်ပါသည်။ ၎င်းလက္ခဏာ အပြင် အရွက်ထိပ်ဖျားတွင် အဝါရောင် အနားရစ်ပါသည့် သပ်ပုံအနာ ကွက်ကို အများဆုံးတွေ့ရသည်။
  • အညိုရင့်ရောင်ပြောင်းကာ ရွက်နား တစ်လျှောက်တွင် စုတ်ပြဲသွားလေ့ရှိသည်။
  • အနာကွက်သည် ရွက်လည် ကြော တစ်လျှောက်
  • ကျယ်ပြန့်ကာ တစ်ရွက်လုံး ခြောက်သွားနိုင်သည်။
    သပ်ပုံပါ အနာကွက် ရောဂါအတွက် ယူနတီ ၊ ပရိုပါ ဆေးများမှာ အသင့်တော်ဆုံးဖြစ်ပါသည်။
News

ဆက်စပ်သတင်းများ

September 21, 2024