ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-28
Share to
ကြက်သွန်အတွက် ဆေးရွေးချယ်အသုံးပြုနည်း

စိုက်ပျိုးထားသော ကြက်သွန်များ အရည်သွေးမြင့်ပြီး ဈေးကောင်းရရန်နှင့် ကြက်သွန်ဥများ ကျန်းမာသန်စွမ်းစွာ ရှင်သန်ကြီးထွားနိုင်ရန် ပိုး၊ ရောဂါ၊ ကင်းစင်ဖို့ အထူးလိုအပ်ပြီး မျှတသော အာဟာရဓာတ်များစနစ်တကျ ပေးတတ်စေရန်မှာ အရေးပါသော အချက်ဖြစ်သည်။

ကြက်သွန်စိုက်ခင်းများတွင် အဖြစ်များသည့် ရောဂါမှာ ဒေါင်းနီးရွက်ခြောက်ရောဂါဖြစ်သည်။ အမြိတ်ပေါ်တွင် အဖြူရောင် အစက်အစုအဝေးများ စတင်ဖြစ်ပေါ်လာပြီး အနာကွက်များ ပေါင်းစပ်မှုကြောင့် အရွက်တစ်ခုလုံးခြောက်သွားနိုင်ပြီး ဥကြီးထွားမှုကို ထိခိုက်စေနိုင်သည်။ ဒေါင်းနီးရွက်ခြောက်ရောဂါကို ဆင်နာဂျီ ဆေးဖြင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ပြီး ရောဂါ ဖြစ်ပွားမှုများလာပါက ပရိုပါ၊ ဟာပွန်ဆေးများကို တစ်လှည့်စီဖြန်းပေးသင့်ပါသည်။

ကြက်သွန်စိုက်တောင်သူများ နောက်ထပ်အထူးဂရုစိုက်သင့်သော ရောဂါမှာ ဂျိုလိမ်ရောဂါဖြစ်သည်။ အမြိတ်အဖျားပိုင်းများ ထောင်မတ်မနေဘဲ လိမ်နေခြင်း၊ အပြင်အမြစ်များ ကြီးထွားမှု ရပ်တန့်ပြီး ဆွေးမြေ့ ပုပ်သွားခြင်းကိုတွေ့ရသည်။ မြေဆောင်ရောဂါ ဖြစ်သောကြောင့် နီဗိုစူပါကို ဖျန်းပေးသင့်ပါသည်။ ထို့အပြင် အမြိတ်ပေါ်တွင် အနာကွက်များဖြစ်ပေါ်ပြီး ကျိုးကျ ခြင်းများ ဖြစ်စေနိုင်သော တောက်တဲ့မြီး ရောဂါကို နီဗိုစူပါ သုံးပေးနိုင်ပါသည်။

အပင်အပေါ်ပိုင်း ရောဂါများမှာ သိသာ ထင်ရှားသော်လည်း မြေအောက်ပိုင်း ဥပုပ်လက္ခဏာများမှာ ခွဲခြားရန်ခက်ခဲသည်။ ထို့ကြောင့် စိုက်ခင်းအတွင်း ပုံစံမမှန်သော ကြက်သွန်ပင်များကို ဂရုတစိုက်လေ့လာသင့်သည်။ များသောအားဖြင့် ဥနှင့် အမြစ်မှ ဒဏ်ရာများကြောင့် ဘက်တီးရီးယားဝင်ရောက်ပြီး ဥမှာ ပျော့ပုပ်၍ အနံဆိုးများ ထွက်နိုင်သည်။ ဥပုပ်ရောဂါများအတွက် ကာဆူဂါနှင့် ဘီလီယံကို တစ်လှည့်စီသုံးပေးခြင်းဖြင့် ကုသနိုင်ပါသည်။

အပင်ငယ်စဉ်မှ ရိတ်သိမ်းချိန်ထိ ကျရောက်တတ်သော လှေးပိုးမှာ ကြက်သွန်ခင်းများအတွက် အထူး သတိထားသင့်သော ဖျက်ပိုးဖြစ်သည်။ လှေးပိုးအတွက် တော်ပီဒို သုံးပေးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ ကြက်သွန် ဥ ဖြစ်ပေါ်ချိန်တွင် မြေတွင်းအောင်းပိုးများ ကျတတ်သောကြောင့် တော်ပီဒို ၃ ဂျီအာ မြေအောင်းပိုးသတ်ဆေးအခဲ ဆောင်ထားရန် အကြံပြုလိုပါသည်။

အထူးသတိပြုသင့်‌သော ပိုးရောဂါများအပြင် သီးနှံပင်လိုအပ်သော အာဟာရဓာတ်များအတွက် ကြက်သွန် စိုက်ပြီး ၁၅ ရက်သားမှ စ၍ ကောမက်အားကောင်း+ တင်ပို ကို ၁၅ ရက်ခြား ၄ ကြိမ် သုံးပေးသင့်ပါသည်။

ဥ ကြီးထွားစေရန် ဂိုလ်း ကို စိုက်ပြီး ၉၀ ရက်သားတွင် ပက်ဖျန်းပေးနိုင်သည်။

ကြက်သွန်ခင်းများတွင် အသုံးပြုသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ရွက်ဖြန်းမြေသြဇာများ ပက်ဖျန်းသည့်အခါတိုင်း ၎င်းတို့၏ အာနိသင်ပိုမိုထိရောက်စေရန် ဝမ်းဒါး ပြန့်နှံ့ကပ်ဆေး အသုံးပြုသင့်ပါသည်။

အထက်တွင်ဖော်ပြခဲ့သော ပိုးသတ်ဆေး မှိုသတ်ဆေးများမှာ အားလုံးသုံးစွဲရန်မဟုတ်ဘဲ ကျရောက်သော ပိုး၊ ရောဂါအပေါ်မူတည်၍ စနစ်တကျ ရွေးချယ်သုံးစွဲပြီး ကုန်ကျစရိတ်သက်သာစေရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်ခင်ဗျာ။

News

ဆက်စပ်သတင်းများ

September 20, 2024