ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-29
Share to
ငရုတ်အသီးမတင်ဘဲ အပွင့်ကြွေရသည့် အကြောင်းအရင်းများ

ငရုတ်စိုက်ပျိုးသောတောင်သူများ၏ ငရုတ်စိုက်ခင်းများတွင် ပန်းပွင့်ချိန်အပွင့်ကြွေပြီး အသီးမတင်ရခြင်းအကြောင်းအရင်းများမှာ အောက်ပါအချက်များကြောင့်ဖြစ်ပါသည်။

၁) ရာသီဥတု အခြေအနေကြောင့် အပူအအေးမမျှတခြင်း (ပူလွန်းခြင်း၊ အေးလွန်းခြင်း)၊

၂) ရေအလွန်အကျွံပေးမိခြင်း၊ ရေငတ်ခြင်း၊ ရာသီဥတုပူပြင်းချိန်တွင်ရေရုတ်တရက်ပေးသွင်းခြင်း၊

၃) အပင်ဦးရေများပြီး လေဝင်လေထွက်အားနည်းခြင်း၊

၄) အသီးဖြစ်စေရန် အရေးကြီးသည့် ဝတ်မှုံကူး မအောင်မြင်ခြင်း၊

၅) မြေသြဇာ အသုံးများခြင်း၊

၆) ဖျက်ပိုးများဖျက်ဆီးခံရခြင်း( လှေးပိုးသည် ငရုတ်အပွင့်ကြွေရသည့် အဓိက အကြောင့်းအရင်းတစ်မျိုးထဲတွင် အဓိက ပါဝင်သည်။ လှေးပိုး သည် ပန်းပွင့်အတွင်းရှိ ဝတ်ဆံ များကို စားသောက်ဖျက်ဆီးကြသည်။ အဖူးအပွင့်များသည် ကြေးနီရောင်း ပြောင်းလာပြီး ရိုးတံများကြွပ်ဆပ်ကာ ကြွေကျ သွားရသည်။ ပိုးသတ်ဆေးအသုံးပြုလိုပါက တော်ပီဒို၊ ဒီမွန်၊ ဘက်တား တို့ကိုအသုံးပြုနိုင်သည်)။

စသည်တို့ကြောင့်ဖြစ်သည်။

News

ဆက်စပ်သတင်းများ

September 20, 2024