ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-29
Share to
ခရမ်းချဉ် ဖျူစေရီယမ်ပင်ညှိုးရောဂါ

တောင်သူကြီးများ၏ အဖိုးတန် ခရမ်းချဉ် စိုက်ခင်းများတွင် ရောဂါမျိုးစုံကြောင့် သီးနှံအရည်အသွေးများလျော့ကျယုံသာမက အပင်သေသည်အထိပါဖြစ်ပေါ် နေကြသည်။ ၎င်းတို့အနက် အပင်ငယ်စဉ်တွင် ဖျူစေရီယမ် ရောဂါကျပါက အရွက်နုများ၏ရွက်ကြောများ ထင်ရှားလာခြင်းနှင့် အရွက်ရင့်များတွင် အညှာမှ ငိုက်ကျလာခြင်းများ တွေ့ရသည်။ ပျိုးပင်အဆင့်တွင် ရောဂါလက္ခဏာပြပြီး မကြာမီအပင်တစ်ပင်လုံးညှိုး၍ သေတတ်သည်။ အပင်ကြီးအဆင့်တွင် ရောဂါပြင်းထန်ပါက ရုတ်တရက်ညှိုး၍ သေဆုံးနိုင်သည်။

၎င်းအပြင် အောက်အရွက်များဝါခြင်း၊ ညှိုးခြင်း၊ အရွက်ကြွေခြင်း၊ ကျန်အရွက်များတွင် အရွက်အနားများခြောက်ခြင်းနှင့် နောက်ဆုံးတွင် သေဆုံးနိုင်သည်။ ဤလက္ခဏာများကို အပင်၏တစ်ခြမ်း (သို့) ကိုင်းတချို့တွင် ဖြစ်ပေါ်တတ်ပြီး ကျန်အစိတ်အပိုင်းများတွင် ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်သည်။ ရောဂါကျပင်စည်ကို ကန့်လန့်ဖြတ်ပိုင်းကြည့်လျှင် အညိုရောင်ပြောင်းနေသော အစာရေကြောစည်းကို တွေ့နိုင်သည်။

ကာကွယ်နှိမ်နင်းနည်းများ
ခံနိုင်ရည်ရှိသော မျိုးကိုသုံးခြင်း၊
ရောဂါကင်း၍ သန်စွမ်းသော မျိုးစေ့နှင့် ပျိုးပင်ကို စိုက်ပျိုးခြင်း၊
စိုက်ပျိုးမြေကို ပလပ်စတစ်အကြည်ဖုံးအုပ်ခြင်းဖြင့် နေရောင်ခြည်မှ အပူဓာတ်ရရှိကာ ရောဂါဖြစ်ပွားမှုကို လျော့နည်းစေခြင်း၊
မှိုသတ်ဆေး သမားတော် ကို ပျိုးခင်းတွင်တစ်ကြိမ်၊ မစိုက်မှီစိုက်ဘောင်တွင်တစ်ကြိမ်အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

တောင်သူကြီးများအားလုံးရဲ့ ခရမ်းချဉ်စိုက်ခင်းများ ရောဂါကင်းစင်ပြီးသီးနှံအထွက်တိုး ဈေးကောင်းရပါစေ။

News

ဆက်စပ်သတင်းများ

September 21, 2024