ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-29
Share to
စပါးခင်းရှိ လှေးပိုးပြဿနာ အထူးသတိပြုပါ

မြန်မာနိုင်ငံ၏ ဒေသတော်တော်များများတွင် စပါးစိုက်ပျိုးနေကြပြီဖြစ်သည်။ စပါးအထွက်တိုးစေရန်အတွက် ပိုးရောဂါ ကင်းနေစေရန်မှာ အလွန်အရေးကြီးသည်။ ယခုလို ပူပြင်းခြောက်သွေ့သောအချိန်ကာလတွင် စပါးစိုက်ခင်းအတော်များများ၌ အပင်ရည်ကို စုပ်ယူစားသောက်ဖျက်ဆီးသည့် လှေးပိုးများဖျက်ဆီးခံနေရသည်ကိုတွေ့ရသည်။

ပျိုးကြဲပြီး နှစ်ပတ်ဝန်းကျင်အတွင်း လှေးပိုးစတင်ကျရောက်တတ်သဖြင့် မိမိစိုက်ခင်းကို အထူးဂရုစိုက်ပေးရန် လိုအပ်ပါသည်။ အခြေအနေပိုဆိုးပါက စပါးပျိုးပင်ငယ်များ၊ ရွေ့စိုက်သည့် စိုက်ခင်းရှိအပင်ငယ်များပါ သေဆုံးနိုင်သည်။

လှေးပိုးကျပါက ပြလေ့ရှိသောလက္ခဏာများ
အရွက်ပေါ်တွင် ငွေဖြူရောင် အကွက်များဖြစ်ပေါ်ခြင်း၊
စပါးအပင်ပု၍ အပင်ကြီးထွားမှုနှေးကွေးခြင်း၊
စပါးအရွက်ထိပ်ဖျားများ တွန့်လိမ်ခြောက်သွားခြင်း
ကန်သင်းပေါ််််မှ ကြည့်လျှင် စပါးခင်းမှာ ဝါနေခြင်း (ပုလဲချို့တဲ့မှုနှင့် မှားတတ်သည်)
စသည့် လက္ခဏာများတွေ့ရမည်ဖြစ်သည်။

ကာကွယ်နှိမ်နင်းနည်း
မြေကြီးထဲရှိ လှေးပိုးရုပ်ဖုံးကောင်များသေစေရန် သီးနှံမစိုက်မီ ထည်ထိုး၊ ထွန်မွှေပါ။
စိုက်ခင်းပတ်ပတ်လည်တွင် လှေးပိုးများရှင်သန်နိုင်သော ပေါင်းပင်များနှင့် အမှိုက်များကို ရှင်းလင်းပါ။
အပြာရောင်ထောင်ချောက်များကို အသုံးပြုပြီး နှိမ်နင်းပါ။
ပိုးသတ်ဆေးသုံးစွဲမည်ဆိုပါက တော်ပီဒို၊ ဩဘာမြေကောင်းဆေးအခဲ တို့ကို ရွေးချယ်အသုံးပြုပါ။

News

ဆက်စပ်သတင်းများ

September 21, 2024