ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-08-28
Share to
သတိပြုသင့်သော ဖရဲတွင်ဖြစ်လေ့ရှိသည့်ရောဂါများ

(၁) ခါးရိရောဂါ
မြေအစိုဓာတ်များ၍ ပူနွေးစိုစွတ်သောရာသီတွင် ပိုမိုဆိုးရွားသည်။ အပင်ခြေတွင် ရေစိုနာကွက်များဖြစ်ပေါ်၍ ၎င်းနေရာမှခါးရိလဲကျသွားသည်။ ရောဂါပြင်းထန်ပါက မျိုးစေ့မှ အညှောင့်ပေါက်ခါစတွင် ခါးရိသေဆုံးတတ်သည်။

ကာကွယ်နှိမ်နင်းနည်း
ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်မပျိုးဘဲ သီးလှည့်စိုက်ပါ။
မျိုးစေ့ကိုလူးနယ်ဆေးလူးပြီးမှ စိုက်ပျိုးပါ။
ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။
ရီဗိုက်၊ သမားတော်ကဲ့သို့သော မှိုသတ်ဆေးများကိုအသုံးပြုပါ။

(၂) ဖားဥမှိုရောဂါ
အေး၍ခြောက်သွေ့သောရာသီတွင် ရောဂါပိုမိုဆိုးရွားသည်။ အပင်ငယ်စဉ်မှခူးဆွတ်ချိန်အထိ ကျရောက်ပြီး အရွက်၏မျက်နှာပြင်နှစ်ဖက်လုံးတွင် အဖြူရောင်မှိုများဖုံးလွှမ်းသွားသည်။ ရောဂါပြင်းထန်ပါက အရွက်များတွန့်ခြောက်ကာ ပင်စည်နှင့်အသီးအပွင့်များပေါ်သို့ ကူးစက်ပြီး အသီးများပိန်ရှုံ့သွားသည်။

ကာကွယ်နှိမ်နင်းနည်း
ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်မပျိုးဘဲ သီးလှည့်စိုက်ပါ။
မျိုးစေ့ကိုလူးနယ်ဆေးလူးပြီးမှ စိုက်ပျိုးပါ။
ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။
ယူနတီ၊ သြဘာစွယ်စုံ၊ ရီဗိုက် ကဲ့သို့သော မှိုသတ်ဆေးများကိုအသုံးပြုပါ။

(၃) ဒေါင်းနီးရွက်ခြောက်ရောဂါ
ရာသီမရွေးကျရောက်နိုင်သော်လည်း ပူနွေးစိုစွတ်သောရာသီတွင် ပိုမိုဆိုးရွားသည်။ အရွက်ပေါ်တွင်အဝါရောင်အကွက်များအဖြစ် စတင်တွေ့ရှိရပြီး မကြာမီအညိုရောင်သို့ပြောင်းကာ တစ်ရွက်လုံးခြောက်သွေ့သွားသည်။ အပင်ကြီးထွားမှုနှေးကွေး၍ အသီးကြီးထွားမှုကိုသိသာစွာလျော့နည်းစေသည်။

ကာကွယ်နှိမ်နင်းနည်း
ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်မပျိုးဘဲ သီးလှည့်စိုက်ပါ။
မျိုးစေ့ကိုလူးနယ်ဆေးလူးပြီးမှ စိုက်ပျိုးပါ။
ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။
ပရိုပါ၊ ဆင်နာဂျီ၊ အိန်ဂျယ် ကဲ့သို့သော မှိုသတ်ဆေးများကိုအသုံးပြုပါ။

(၄) မှဲ့ပြောက်စွန်းရောဂါ
အရွက်အပေါ်မျက်နှာပြင်ပေါ်၌ အညိုကွက်များအဖြစ်တွေ့ရပြီး အသီးပေါ်တွင် အညိုရောင်အဝိုင်းပုံ အနာကွက်အဖြစ်တွေ့ရသည်။ အနာကွက်မှာအတွင်းသို့ချိုင့်ဝင်နေပြီး အနာကွက်အရေအတွက်များပါက အသီးဈေးကွက်ဝင်မှုကို ထိခိုက်စေသည်။

ကာကွယ်နှိမ်နင်းနည်းများ
ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်မပျိုးဘဲ သီးလှည့်စိုက်ပါ။
မျိုးစေ့ကိုလူးနယ်ဆေးလူးပြီးမှ စိုက်ပျိုးပါ။
ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။
ယူနတီ၊ သြဘာစွယ်စုံ၊ ရီဗိုက် ကဲ့သို့သော မှိုသတ်ဆေးများကိုအသုံးပြုပါ။

(၅) ပင်စည်အစေးထွက်ရောဂါ
ပင်စည်တစ်ပတ်ပတ်မိပါက အနာကွက်ကိုဖြတ်၍ ရှေ့ပိုင်းရှိအပင်အစိတ်အပိုင်းသို့ ရေနှင့် အာဟာရများမပို့နိုင်သဖြင့် ညှိုးသေသွားနိုင်သည်။

ကာကွယ်နှိမ်နင်းနည်းများ
ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်မပျိုးဘဲ သီးလှည့်စိုက်ပါ။
မျိုးစေ့ကိုလူးနယ်ဆေးလူးပြီးမှ စိုက်ပျိုးပါ။
ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။
ရီဗိုက်၊ ပရိုပါ၊ သမားတော်၊ အိန်ဂျယ် ကဲ့သို့သော မှိုသတ်ဆေးများကိုအသုံးပြုပါ။

(၆) မိုစေ့ရောဂါ
အပင်ငယ်စဉ်မှစတင်ကျရောက်ပြီး အညွန့်မှစ၍ဝါလာကာ တစ်ပင်လုံးဝါညှိုးခြောက်သွားသည်။ ယင်ဖြူ၊ ပျစသည့် စုပ်စားပိုးများကြောင့် ကူးစက်သည်။ ရောဂါရအပင်ကိုတွေ့ရှိပါက ချက်ချင်းနှုတ်ပစ်ပါ။

ကာကွယ်နှိမ်နင်းနည်းများ
ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ။
သီးနှံတစ်မျိုးတည်းကို ဆက်တိုက်စိုက်မပျိုးဘဲ သီးလှည့်စိုက်ပါ။
မျိုးစေ့ကိုလူးနယ်ဆေးလူးပြီးမှ စိုက်ပျိုးပါ။
ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။
ယင်ဖြူကိုကာကွယ်နှိမ်နင်းရန် ပိုင်ဒီ ပိုးသတ်ဆေးကိုအသုံးပြုပါ။

News

ဆက်စပ်သတင်းများ

September 20, 2024