ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-09-03
Share to
စပါးအထွက်နှုန်းကို ထိခိုက်စေနိုင်တဲ့ စပါးကြက်သွန်မြိတ်ပိုး

စပါးကြက်သွန်မြိတ်ပိုး၏ သိပွံအမည်ကတော့ Orseolia oryzae ဖြစ်ပါတယ်။

စပါးကြက်သွန်မြိတ်ပိုး ကျရောက်ပြီဆိုရင်

စပါးပင်ပွား၏ အခြေတွင် ရောင်ရမ်းဖုလုံးလာပြီး အရွက်များမှာ ကြက်သွန်မြိတ်ကဲ့သို့ ဖြစ်သွားပါတယ်။
ရောဂါကူးစက်ခံရသည့် ပင်ပွားများသည် အနှံမအောင်ဘဲ မြက်ဖုတ်ကဲ့သို့ ရှုပ်ထွေးနေတတ်ပါတယ်။
နောက်ကျစိုက်သည့် လယ်ကွက်များနှင့် မိုးအုံ့သော အခြေအနေ (သို့) မိုးရွာသော အခြေအနေတွင် ပိုမိုဆိုးရွားစွာ ဖျက်ဆီးလေ့ ရှိပါတယ်။

ကာကွယ်နှိမ်နင်းနည်းများ
စပါးရိတ်သိမ်းပြီးနောက် စောစီးစွာ ထယ်ထိုးပါ။
ခံနိုင်ရည်ရှိသော သက်တမ်းတို စပါးများကို စိုက်ပျိုးပါ။
ပိုးများ ခိုအောင်းနိုင်ခြင်း မရှိစေရန် ပေါင်းမြက်များ၊ ပင်ကြွင်းပင်ကျန်များကို ရှင်းလင်းပစ်ပါ။
နိုက်ထရိုဂျင်၊ ပိုတက်စီယမ် မြေဩဇာများကို တစ်ကြိမ်တည်း အများကြီး သုံးတာထက် အကြိမ်ကြိမ် ခွဲကျွေးပေးပါ။
ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ ဖိုင်းရား (Carbosulfan %)၊ ဩဘာမြေကောင်း (Cartap % + Thimethoxam %+ Abamectin .%)တို့ကို အသုံးပြုပေးနိုင်သည်။

News

ဆက်စပ်သတင်းများ

September 21, 2024