ရွက်ညိုပြောက်ရောဂါသည် ပျိုးခင်း၊ ပင်ပိုင်းထွားချိန် နှင့် နို့ရည်တည်ချိန်တွင် ကျရောက်တတ်သည်။ နှမ်းစေ့အရွယ် နီညိုရောင် ဘဲဥပုံ အကွက်လေးများကို အရွက်နှင့် စပါးခွံပေါ်တွင် တွေ့ရသည်။
စပါးပင်ကို အဝေးမှကြည့်လျှင် နီရဲပြီး ဝါလာတာကိုတွေ့ရမည် ဖြစ်သည်။ ရောဂါပြင်းထန်ပါကအကွက်များ ဆက်သွားပြီး အရွက်များ ခြောက်သွေ့သွားသည်။
စပါးရွက် ရွက်ဖုံး အနှံတွင် ကျရောက်တက်ပြီး အပင်ကြုံလှီ၍ အပင်ပွားမှု အားနည်းသွားသည်။ အထွက်နှုန်းကော အရည်အသွေးပါ ဆုံးရှုံးနိုင်သဖြင့် ရောဂါကျရောက်ခဲ့လျှင် အချိန်မီကာကွယ်နှိမ်နင်းရန် လိုအပ်သည်။
ကာကွယ်ကုသနည်း
• ခံနိုင်ရည်ရှိသောမျိုးကိုရွေးခြယ်အသုံးပြုပါ။
• မိုးရွာပြီးတိုင်း အခင်းကိုဂရုတစိုက်စစ်ဆေးပါ။
• ပုလဲကိုလျော့ကြွေးပြီး ပိုတက်မြေသြဇာ ပိုကျွေးပေးပါ။
• မှိုသတ်ဆေးအနေဖြင့် သြဘာစပါးမှိုဆေး၊ ဟေဗင်၊ ယူနတီ တို့ကိုအသုံးပြုနိုင်သည်။