ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-11
Share to
ငရုတ်စိုက်တောင်သူကြီးတိုင်း အမြဲကြုံတွေ့ရလေ့ရှိတဲ့ ငရုတ်အရွက်ကုပ်ခြင်း

ငရုတ်မှာ စုပ်စားပိုးတွေကျရင် အရွက်များ သေးပြီးလှီခြင်း (ရွက်သေးထိုးခြင်း)၊ အရွက်ထွတ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ စုပ်စားပိုးကတော့ အများအားဖြင့် လှေးပိုးနှင့် မွှားပင့်ကူ အကျများလေ့ရှိပြီး အခုနောက်ပိုင်းမှာ ယင်ဖြူကျရောက်လာတာကို တွေ့ရပါတယ်။

အလွယ်ကူဆုံး ခွဲခြားကြည့်မည့်ဆိုလျှင်

 လှေးပိုးကျခဲ့ရင် အပင်ရဲ့ အရွက်နားတွေဟာ လှေပုံစံ အပေါ်ဘက်ကို လိပ်နေမှာဖြစ်ပါတယ်။ တစ်ခုခုပေါ်တင်ပြီး ကုပ်နေတဲ့ အရွက်လေးကို ခါကြည့်ပြီး လှေးရှိမရှိကြည့်နိုင်ပါတယ်။

✅ဆေးသုံးမည်ဆိုပါက တော်ပီဒို နင့် ဘလိတ်ကို တစ်လှည့်စီသုံးပေးနိုင်ပါတယ်။

🌶 မွှားပင့်ကူကျခဲ့ရင်တော့ အရွက်နားတွေဟာ အောက်ဘက်ကို လိပ်နေမှာ ဖြစ်ပါတယ်။ အရွက်များတွင် ပင့်ကူမျှင်များ၊ ပင်ကူနီ/ပင်ကူဖြူများကို မြင်တွေ့နိုင်ပါတယ်။

✅ဆေးသုံးမည်ဆိုပါက ဒီမွန် သုံးပေးပါ။

🌶 ယင်ဖြူကျခဲ့ရင် အပင်မှာ အဝါရောင် အစက်ပြောက်လေးတွေ ပေါ်လာပြီး အရွက်တွေထွတ်နေတာကို မြင်နိုင်ပါတယ်။ အပင်ကို လက်ဖြင့် ယမ်းကြည့်ပါက အကောင်သေးလေးများ ထပျံတာကို ကြည့်ခြင်းဖြင့် ယင်ဖြူကျကြောင်း အလွယ်တကူ သိနိုင်ပါတယ်။

✅ဆေးသုံးမည်ဆိုပါက ဘက်တား ၊ ပိုင်ဒီ ၊ ဘလိတ်ကို တစ်လှည့်စီ အလှည့်ကျသုံးပေးပါ။
တောင်သူကြီးတို့၏ အဖိုးတန်စိုက်ခင်းတွေမှာ စုပ်စားပိုးကျခဲ့ရင် အရွက်များပုံမမှန်ဖြစ်ခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း၊ ဗိုင်းရပ်ရောဂါများ ဝင်ရောက်ခြင်း စသော အကြောင်းအရာများဖြစ်နိုင်ပြီး အထွက်နှုန်းကို ထိခိုက်စေနိုင်တဲ့အတွက် အထူးဂရုပြုကြဖို့ သတိပေးလိုက်ရပါတယ်ခင်ဗျာ...

News

ဆက်စပ်သတင်းများ