ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-01-17
Share to
ငရုတ်မှည့်ပြောက်စွန်းရောဂါ (ဖလံဖြူရောဂါ)

ငရုတ်ကိုင်းဖျားခြောက် ရောဂါသည် မျိုးစေ့ဆောင်မှိုရောဂါတစ်မျိုးဖြစ်ပြီး မျိုးစေ့များမှတစ်ဆင့် ကူးစက်ပြန့်နှံ့ကာ အပင်ငယ်စင်မှ စတင်ပြီး 🌸အသီးပွင့်ဝင်ချိန် ထိကျနိုင်ပါသည်။ အသီးများတွင် ကျရောက်လျှင် မှည့်ပြောက်စွန်း ရောဂါဟုခေါ်ပါသည်။ ငရုတ်ပန်းပွင့်ချိန်နဲ့ အသီးသီးချိန်တွင် အဖြစ်များပြီး အထွက်နှုန်းသာမက အသီးအရည်အသွေးပါ ကျဆင်းစေပါသည်။

ရောဂါလက္ခဏာ
အရွက်၊ ကိုင်းနှင့် အသီးပေါ်တွင် ကျရောက်ပြီး ငရုတ်အပွင့်တွင် ကျပါကအပွင့်ညှိုး၍ ငိုက်ကျလာပြီးတဖြည်းဖြည်းခြောက်ကာ ကြွေကျသွားသည်။ အပွင့်မှပွင့်ညှာကိုဖြတ်၍ ကိုင်းအထိကူးစက်ပါက ကိုင်းဖျားခြောက်ရောဂါဖြစ်စေသည်။ ကိုင်းဖျားမှကိုင်းခွအထိခြောက်ကာ ကိုင်းတစ်ခြမ်း (သို့) တစ်ကိုင်းလုံးခြောက်သွားနိုင်သည်။

ရင့်မှည့်သည့်အသီးပေါ်တွင် ဦးစွာရေစိုနာကွက်ဖြစ်၍ တဖြည်းဖြည်းကျယ်ပြန့်လာကာ နီညိုရောင်ပြောင်းသွားသည်။ အနာကွက်ပေါ်တွင် အဖုငယ်များကိုစက်ဝိုင်းပုံအရစ်များအဖြစ်တွေ့ရပြီး ရောဂါပြင်းထန်ပါက အသီးအတွင်းပိုင်း တွန့်ရှုံ့နေမည်ဖြစ်သည်။

ထို့အပြင် အရွက်ပေါ်တွင် မီးခိုးရောင်အကွက်ငယ်ပေါ်လာပြီး အနာကွက်ကျယ်ပြန့်လာခြင်းကြောင့် အရွက်ခြောက်သည့်ဧရိယာကျယ်ပြန့်လာသည်။

ငရုတ် ဖလံဖြူရောဂါ (ကိုင်းဖျားခြောက်ရောဂါ)ဖြစ်ပါက ဆုံးရှုံးမှု ၃၀-၅၀% ထိရှိနိုင်ပြီး ပိဿာချိန်အခြောက် ၁၆၀-၃၀၀ ပိသာထိ ဆုံးရှုံးရလေ့ရှိပါသည်။

ကာကွယ်ကုသနည်း

ရောဂါကင်းသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးပါ။

ပုလဲမြေသြဇာသီးသန့်ကြွေးခြင်း၊ အပင်ကြီးထွားမြန် ‌ဟော်မုန်းဆေးများဖျန်းခြင်းအား ရောဂါရှိနေ့စဉ်သုံးခြင်းရှောင်ပါ။

ပိုတက်အချိုးမြင့်သော မြေသြဇာကို ကျွေးပေးပါ။

ပေါင်းပင်များသည် ရောဂါလက်ခံပင်ဖြစ်နိုင်သဖြင့် ပေါင်းရှင်းထားဖို့လိုပါသည်။

မှိုသတ်ဆေး အသုံးပြုလိုပါက ယူနတီ သုံးပေးနိုင်သည်။
အရည်သွေးကောင်းသော ငရုတ်သီးများရပြီး အထွက်တိုးနိုင်ကြပါစေခင်ဗျာ။

News

ဆက်စပ်သတင်းများ