စပါးစိုက်ပြီဆိုတာနဲ့ ရှောင်လွဲလို့မရသော ရောဂါတွေထဲက တစ်မျိုးကတော့ စပါးရွက်ညိုပြောက်ရောဂါပါပဲ။
အရွက်ပေါ်မှာ နှမ်းစေ့အရွယ် ဘဲဥပုံ အကွက်သေးသေးလေးတွေ ဖြစ်တဲ့အတွက် နှမ်းစေ့ရွက်ပြောက်ရောဂါလို့လည်း ခေါ်လေ့ရှိကြပါတယ်။
ရောဂါဖြစ်စေသက်ရှိဟာ ပျိုးခင်းချိန်မှာသာမက အနှံတည်သည့် အချိန်ထိပါ ကျရောက်ဖျက်ဆီးနိုင်ပါသည်။
ဦးစွာ အညိုရောင် အစက်ပြောက်များ ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် ဆလင်ဒါပုံ (သို့) စက်ဝိုင်းပုံ၊ ဘဲဥပုံ အကွက်များအဖြစ်သို့ ပြောင်းလဲသွားပါသည်။
အနာကွက်များ တစ်ခုနှင့် တစ်ခု ဆက်သွားပြီး အရွက်များ ခြောက်သွားသည်အထိလည်း ဖြစ်နိုင်ပါသည်။
ရောဂါလက္ခဏာများကို စပါးနှံနှင့် အဆစ်ပေါ်တွင် အညိုရောင်အကွက်များအဖြစ် အများဆုံး တွေ့ရနိုင်ပြီး အစေ့မှာပါ ရောဂါကျရောက်ပါက အစေ့ပေါက်နှုန်း ကျဆင်းခြင်း၊ အပင်သေနှုန်းများခြင်း၊ အစေ့အဆံ အရည်အသွေးနှင့် အလေးချိန်များ ကျဆုံးခြင်းတို့ ဖြစ်နိုင်ပါသည်။
ဆိုးဝါးစွာ ကျရောက်ပါက အထွက်နှုန်း ၅၀ % ထိ ထိခိုက်နိုင်ပါသည်။
ရောဂါဖြစ်စေသက်ရှိသည် လက်ခံပင်တော်တော်များများတွင် ရှင်သန်နေနိုင်ပြီး အစေ့ထဲတွင်လည်း ၄ နှစ်ကျော်ထိ ရှင်သန်နေနိုင်ပါသည်။
ရောဂါကူးစက်ခံရသော မျိုးကို စိုက်ပျိုးလျှင် ရောဂါရ အပင်ငယ်များ ဖြစ်လာမှာ ဖြစ်သည့်အတွက် မျိုးသန့်သော မျိုးကောင်းများကို အဓိက စိုက်ပျိုးပေးရန် လိုအပ်ပါသည်။
ရောဂါဖြစ်စေသက်ရှိသည် အပင်တစ်ပင်မှ တစ်ပင်သို့ လေမှတစ်ဆင့်လည်း ကူးစက်ပျံ့နှံ့နိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
မျိုးစေ့ဆောင်ရောဂါဖြစ်သည့်အတွက် ရောဂါကင်းသော ခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးပါ။
ရောဂါဖြစ်စေသော သက်ရှိ ခိုအောင်းနိုင်သော လက်ခံပင်များကို ရှင်းလင်းပစ်ပါ။
စိုက်ပျိုးကတည်းက မြေပြင်ကို မြေဆီလုံလောက်စွာ ပြုပြင်၍ စိုက်ပျိုးပါ။
ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ ဩဘာစပါးမှိုဆေး (Tricyclazole % +Propiconazole.%)၊ ယူနတီ(Azoxystrobin % + Difenoconazole .%)၊ ဟေဗင် (Hexaconazole %) ဆေးများကို အသုံးပြုပေးနိုင်ပါသည်။