ပဲခင်းများတွင် မိုးရွာပြီးနောက်ပိုင်း ခါးရိရောဂါ ၊ ဖားဥမှိုရောဂါ၊ မှည့်ပြောက်စွန်းရောဂါ နှင့် ဆာကိုစပိုးရားရွက်ပြောက်ရောဂါများ အဖြစ်များတတ်တဲ့အတွက် ပဲစိုက်တောင်သူကြီးတို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် ဖားဥ မှို နှင့် ဆာကိုစပိုးရား ရွက်ပြောက်များ အဖြစ်များနေသည်ကိုတွေ့ရပါတယ်။ သို့ဖြစ်ပါ၍ မှိုရောဂါများကို မဖြစ်ခင်ကတည်းက ရီဗိုက် ၊ ယူနတီကဲ့သို့သော မှိုသတ်ဆေးများဖြင့် ကြိုတင်ကာကွယ်ထားရန် အထူးလိုအပ်ပါသည်။
ပဲပန်းပွင့်ချိန်မှာဆိုရင် ပွင့်ထွေးပိုးများလည်း ကျတတ်သဖြင့် စိုက်ခင်းကို ပစ်မထားဘဲ ပိုး ကျမကျ အမြဲ ကြည့်နေရမည်ဖြစ်ပါသည်။ ပွင့်ထွေးပိုးကျပါက ငှက်ကြီးတောင် ကိုဆေးတစ်ပုံးလျှင် ၂၀ စီစီဖြင့် တစ်ဧက ၅ ပုံးသုံးပေးရန် လိုအပ်ပါသည်။
လှေးပိုး အကျများပါက ပန်းပွင့်ကြွေတတ်သဖြင့် တော်ပီဒိုကို ဆေးတစ်ပုံးလျှင် ၄၀ - ၅၀ စီစီ ဖြင့် တစ်ဧက ငါးပုံးသုံးပေးနိုင်သည်။
ယင်ဖြူ သယ်ဆောင်လာသော ရွှေဝါရောင်မိုစေ့ရောဂါကြောင့် ရွက်ဝါဖောက်သည့်အခါ ခင်းလုံးကျွတ် အထိ ဖြစ်သွားနိုင်သည့်အတွက် ရွှေဝါရောင်မိုစေ့ ဖြစ်စေ သောဗိုင်းရပ်စ် သယ်ဆောင်လာတဲ့ ယင်ဖြူကာကွယ်နှိမ်နင်းရန် ပိုင်ဒီ ကို မဖြစ်မနေ အသုံးပြုပေးရန် လိုအပ်ပါသည်။
ပန်းပွင့်အားကောင်းပြီး အပင်ကြံ့ခိုင်သန်မာစေရန်အတွက် ကောမက်ပီဖိုလန် + တင်ပို အားဆေးကို အသုံးပြုနိုင်ပါသည်။ အားဆေးအသုံးပြုပေးခြင်းဖြင့် ပဲ ပန်းပွင့်ကြွေကျခြင်းများကို သက်သာစေနိုင်သည်။