ကုလားပဲ ဖျူစေရီယမ်ပင်ညှိုးရောဂါမှာ Fusarium oxysporum f. sp. ciceris ကြောင့်ဖြစ်သော မြေဆောင်မှိုရောဂါဖြစ်သည်။
စိုက်ပြီး ၃ပတ်အတွင်း အပင်ငယ် အဆင့်တွင်ရောဂါကျရောက်မှုကို တွေ့ရှိနိုင်သည်။ စိုက်ပြီး ၃-၅ပတ်အကြာတွင် အပင်ငယ် တစ်ပင်လုံး မြေကြီးပေါ်တွင်နဂိုအစိမ်းရောင် မပြယ်ဘဲ ညှိုးကျ ယိုင်လဲနေမည်။ အမြစ်ကိုဆွဲနှုတ်ကြည့်သည့်အခါ အမြစ်နှင့် ပင်စည်ဆက်ထားသောနေရာ၏အပေါ်ပိုင်း နှင့်အောက်ပိုင်းသည် ရှုံ့တွနေမည်။
အပင်ကြီးတွင် ပင်စည်အတွင်းရှိရေကြော အဖွဲ့အစည်းသည် အညိုရောင်မှ အနက်ရောင်သို့ ပြောင်းသွားမည်။ ကူးစက်ခံရမှုများပါက တစ်ကွင်းလုံးကို ခြုံကြည့်လျှင်
အကွက်လိုက်ညှိုးခြောက်နေသည်ကို တွေ့ရမည်။ ထိုရောဂါကို ဖြစ်စေသော မှိုသည် မျိုးစေ့နှင့် မြေကြီးထဲတွင် ရှင်သန်နေထိုင်ကြသည်။
နွေရာသီတွင် ထယ်ရေးနက်နက်ထိုးရန် လိုအပ်ပါသည်။ မျိုးရင်းဝင်မတူသော သီးနှံများနှင့် သီးလှည့် စိုက်ပျိုး ရပါမည်။
ကာကွယ်ကုသနည်း
• သန့်စင်သောမျိုးစေ့နှင့် ရောဂါကင်းသော မျိုးစေ့ကို အသုံးပြုသင့်ပါသည်။
• အပူချိန် မြင့်သောအချိန်တွင် မစိုက်ပျိုးသင့်ပါ။ သင့်တော်သော မှိုသတ်ဆေးကိုအသုံးပြု၍ လူးနယ်စိုက် ပျိုးသင့်ပါသည်။
• မျိုးစေ့အား ဖျူးစေရီယမ်လူးနှယ်ဆေး လူးစိုက်ပါ။ စိုက်ပြီး ၁၅ရက်သားတွင် သမားတော် ဖျန်းပေးနိုင်ပါသည်။