ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-09-16
Share to
မတ်ပဲ/ ပဲတီစိမ်းအသီးအပွင့်များစေရန် မဖြစ်မနေအသုံးပြုသင့်သောရွက်ဖျန်းအားဆေးများ

ပဲတီစိမ်းတွင် အပင်ပေါက်ပြီး (၂)ပတ်သား မှ ပွင့်ဖူးမဝင်မီအထိ ကောမက်ရွှေမိုးငွေမိုး ကို (၇-၁၀)ရက်ခြား၍ ၂ကြိမ်ဖျန်းပါ။

ကုန်းကျသောနေရာ၊ ချိုင့်ကျသောနေရာတွင် အပင်များပု၍ကျန်နေပါက ၎င်းနေရာတစ်ဝိုက်တွင် (၃-၅)ရက်ခြား တစ်ကြိမ်ဖြင့် (၂-၃)ကြိမ်သီးသန့်ဖျန်းပေးလျှင် တစ်ကွက်လုံးပုံမှန်ကြီးထွားသန်စွမ်းမှုကို ရရှိစေသည်။

ပွင့်ဖူးဝင်ချိန်မှ အစေ့တည်ချိန်အထိ အပင်ဟော်မုန်းဆေး တင်ပိုနှင့် ကောမက်ပီဖိုလန် တို့ကို (၇-၁၀)ရက်ခြား ၁ ကြိမ်ဖျန်းပါက မျိုးကူးစပ်မှု အောင်မြင်၍ အစေ့များခြင်း၊ အလေးချိန်တိုးခြင်းကြောင့် အထွက်များစေသည်။

ပဲတီစိမ်းကဲ့သို့ အကြိမ်ကြိမ်ခွဲကောက်ရသောပဲမျိုးတွင် ပဲတစ်ကြိမ်ကောက်ပြီးတိုင်း ကောမက်ပီဖိုလန် နှင့် မိုရယ်လ်မုန်း၊ ကယ်လ်ဘိုမဂ်စူပါ ရောပြီးဖျန်းပါက ပဲကောက်ရသည့်အကြိမ်တိုးပြီး အထွက်ပါတိုးစေပါသည်။

ပန်းပွင့်ချိန်တွင် ပင်ပိုင်းကြီးထွားမှုများ၍ အပင်ဟုန်နေပါက ဂိုးလ် ၅၀အက်စ်စီကို မဖြစ်မနေဖျန်းပေးပါက အပွင့်၊ အသီး၊ အစေ့ များများတင်နိုင်ပြီး အထွက်တိုးစေပါသည်။

ပဲမျိုးစုံတွင်အသုံးပြုသည့် မှိူသတ်ဆေး၊ ပိုးသတ်ဆေးနှင့် ရွက်ဖျန်းမြေသြဇာများပက်ဖျန်းတိုင်း ၎င်းတို့၏အာနိသင် ပိုမိုထူးကဲစွာရရှိစေရန်အတွက် ဝမ်းဒါး ပြန့်/ကပ်ဆေးကို မဖြစ်မနေပူးတွဲအသုံးပြုပါ။