ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-08-06
Share to
ခရမ်းချဉ်နှောင်းပင်နာကျရောဂါ

ခရမ်းချဉ်နှောင်းပင်နာကျရောဂါသည် Phytophthora infestans မှိုကြောင့်ဖြစ်ပြီး အပင်၏မြေပေါ် အစိတ်အပိုင်းအားလုံးတွင် ရောဂါ ကျရောက်
နိုင်သည်။

အရွက်တွင် ဦးစွာ ရောဂါလက္ခဏာစပြတတ်သည်။ ခရမ်းချဉ်အရွက်ပေါ်တွင် ပုံသဏ္ဍန်မမှန်သော အညိုရောင်ရေစိုနာကွက်များ ဖြစ်ပေါ်လာသည်။

စိုထိုင်းသောရာသီဥတုအခြေအနေတွင် အရွက်အောက်ဘက်တွင် အဖြူရောင် မှိုမျှင်အစုအဝေးများကို တွေ့ရတတ်သည်။ အရွက်၏ မျက်နှာပြင်နှစ်ဖက်လုံးတွင်အစက်အပြောက်များကိုတွေ့ရသည်။

ရောဂါ ပြင်းထန်လာသည်နှင့်အမျှ ရေစိုနာကွက်များကြီးလာပြီး အရွက်တစ်ခုလုံးဖုံးလွှမ်းသွားကာ ညှိုးခြောက်၍ သေသွားပါသည်။

နှောင်းပင်နာကျ ရောဂါသည် ခရမ်းချဉ်အသီး၏ ဖွံ့ဖြိုးမှုအဆင့်တိုင်းကိုဖျက်ဆီးနိုင်သည်။ အသီးပေါ်တွင် ဖြူရော်ရော် အစက် အပြောက်များဖြစ်လာပြီး အညိုရောင်ပြောင်းကာ အသီးပုပ်သွားသည်။

ရောဂါရအခင်းမှ အပုပ်နံ့ကဲ့သို့ အနံ့ဆိုးထွက်တတ်သည်။

ခရမ်းချဉ်နှောင်းပင်နာကျရောဂါသည် အေးမြစိုထိုင်းသောမိုးရာသီနှင့် ဆောင်းရာသီတွင် လျှင်မြန်စွာကူးစက်ပျံ့နှံ့နိုင်ပြီး သီးနှံ အထွက်နှုန်းကို ဆိုးရွားစွာထိခိုက်စေသည်။

ကာကွယ်နှိမ်နင်းနည်းများ

  • ရောဂါပြင်းထန်စွာကျရောက်မှုမရှိစေရန် စိုက်ချိန်စောစောစိုက်ပါ
  • အရွက်ပေါ်တွင် ရေများကြာရှည်တင်မနေစေရန် ဂရုပြုပါ
  • ခရမ်းချဉ်ခင်းကို မကြာခဏစစ်ဆေးပြီး ရောဂါကျနေသောအပင်၊ အသီးများတွေ့လျှင်ဖယ်ရှားပစ်ပါ
    ပေါင်းမြက်များရှင်းလင်းပေးပါ
  • ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးကိုစိုက်ပျိုးပါ
    မှိုရောဂါဆေးများ အသုံးပြုပြီး ကြိုတင်ကာကွယ်နိုင်သည်။