ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-09-18
Share to
ပဲ မှည့်ပြောက်စွန်းရောဂါ

ရောဂါဖြစ်စေသော သက်ရှိ - Colletotrichum lindemuthianum

ပဲစိုက်ခင်းတော်တော်များများ တွင် နှင်းကျပြီး ရာသီဥတု အေးမြမှုများကြောင့် မှည့်ပြောက်စွန်းရောဂါများ ကျရောက်နေသည်ကို တွေ့ရပါတယ်။

မှည့်ပြောက်စွန်းရောဂါ မှာ ပဲ အရွက်၊ ပင်စည်၊ သီးတောင့် နှင့် အစေ့အဆံများတွင် ကျရောက်သည်။
အရွက်ပေါ်မှာ နီညိုရောင် အကွက်များဖြစ်ပေါ်ခြင်း၊ ပင်စည်ပေါ်တွင်အညိုရင့်ရောင် နေလောင်ကွက်များ ဖြစ်လာပြီး ဆိုးရွားပါ အသီးပုံပျက်ခြင်းများဖြစ်နိုင်သည်။

အစေ့အဆံများ ကောင်းစွာမကြီထွားနိုင်ခြင်း အထွက်ကျခြင်း နှင့် မျိုးညှောင့်ပေါက်အားနည်းခြင်းများဖြစ်နိုင်သည်။

မှည့်ပြောက်စွန်းရောဂါမှာ

အေးမြစိုစွတ်သော ရာသီကိုနှစ်သက်ပြီး စိုက်ခင်းဘေးနှင့် အတွင်းရှိ အပုပ်အဆွေးများတွင် ရှင်သန်နိုင်သည်။
အပင်ငယ်စဥ်တွင် မျိုးစေ့မှ တစ်ဆင့်ကူးစက်ခြင်း ၊ အမှိုက်ဆေးများမှ တစ်ဆင့် မှိုစပိုးများသည် လေ၊ သွင်းရေ၊ မိုးရေနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းကိရိယာများ များမှ တစ်ဆင့် ကူးစက်နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

  • ရောဂါကင်းသော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်း
  • ခံနိုင်ရည်ရှိသော မျိုးများ စိုက်ပျိုးခြင်း
  • စိုက်ခင်းအတွင်းနှင့် စိုက်ခင်းဘေး ပေါင်းရှင်းခြင်း
  • ယူနတီမှိုသတ်ဆေးကို ဆေးတစ်ပုံးလျှင် ၂၀ - ၃၀ စီစီ ဖြင် ၇ ရက်ခြား တစ်ကြိမ် ဖျန်းပေးနိုင်ပသည်။