ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-09-18
Share to
စပါးမှိုသီးရောဂါ သတိပြုကာကွယ်ပါ

စပါး အနှံထွက်ချိန်ရောက်ပြီဆိုရင် စပါးမှိုသီးရောဂါဖြစ်လာစမြဲပါပဲ။ အပူချိန် - ºC နှင့် လေထုထဲ စိုထိုင်းဆ ၉၀% ကျော်လျှင်အဖြစ်များပါတယ်။ စဖြစ်ခါစမှာဆိုရင် အဝါရောင် နနွင်းမှိုအလုံးတွေအဖြစ်တွေ့ရပြီး နောက်ပိုင်းအမည်းရောင်ပြောင်းသွားပါတယ်။ အဓိကကတော့ ပန်းပွင့်ချိန်မှာ မိုးရွာတာမျိုးဆိုအဖြစ်များပါတယ်။

ဒီစပါးမှိုသီးရောဂါက လေအားဖြင့် ကူးစက်တတ်လို့ ပြန့်နှံ့လွယ်ပြီးပုလဲမြေသြဇာအကျွေးများတဲ့ အခင်းတွေမှာ ပိုမိုဆိုးရွားစွာကျရောက်တတ်ပါတယ်။ စပါးမှိုသီးရောဂါဖြစ်လျှင် စပါးအစေ့အဆံအထွက်နှုန်းသိသိသာသာကျဆင်းပြီး အစေ့အဆံအလေးချိန်လျော့စေသည်။

ဘယ်လိုကာကွယ်နိုင်မလဲ

• ရောဂါရအပင်များ၊ အနှံများနှင့် ရိတ်သိမ်းပြီးအပင်အကြွင်းအကျန်များကို ဖယ်ရှားပစ်ပါ။

• ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့်ကိုသာ စိုက်ပျိုးပါ။

• နိုက်ထရိုဂျင်မြေသြဇာကို လိုတာထက်ပိုမကျွေးပါနဲ့။

• ဆေးအသုံးပြုလိုပါက မြန်မာ့သြဘာထုတ် ယူနတီ၊ နီဗိုစူပါ၊ ဟေဗင် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်ကုသနိုင်ပါတယ်။

• စပါးဖုံးလုံးချိန် အလံရွက်စထွက်ချိန် တွေကတော့ ကြိုတင်ကာကွယ်ဖို့ အရေးအကြီးဆုံးအချိန်တွေဖြစ်ပါတယ်။

ရောဂါကင်းဝေးပြီး စပါးအထွက်တိုးကြပါစေ။