ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-09-18
Share to
ပဲစိုက်တောင်သူတိုင်း ကြုံတွေ့ရလေ့ရှိသော ဖားဥမှိုရောဂါ

ရောဂါဖြစ်စေသောသက်ရှိမှာ Erysiphe polygoni ဖြစ်သည်။

အရိပ်ကျသော/ နေရောင်ကောင်းကောင်းမရသော အောက်ရွက်များမှ စတင်ဖြစ်ပွားလေ့ရှိသည်။

လေမှတစ်ဆင့်ကူးစက်နိုင်ပြီး အစိုဓာတ်များပါက ရောဂါပိုမိုဆိုးရွားစေနိုင်သည်။

အရွက်ရင့်များ၏အပေါ်မျက်နှာပြင်တွင် သေးငယ်သောအဖြူရောင်အကွက်များတွေ့ရပြီး မျက်နှာပြင်တစ်ခုလုံး ပေါင်ဒါမှုန့်ဖြူးထားသကဲ့သို့ ဖြူဖွေးနေသည်။

ရောဂါပြင်းထန်ပါက တစ်ပင်လုံးဖြူဖွေးနေပြီး အရွက်ပုံပျက်ကာ ဝါဖျော့လာသည်။ သီးတောင့်များသေးငယ်ပြီး တွန့်လိမ်ခြောက်သွေ့သွားသည်။ နောက်ပိုင်း အပင်သေသည်အထိဖြစ်နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

  • ခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်စိုက်ပျိုးပါ။
  • စိုက်ခင်းအတွင်း ပေါင်းမြက်များရှင်းလင်းပေးပါ။
  • ပဲမျိုးရင်းဝင်မဟုတ်သောအပင်များနှင့် သီးလှည့်စိုက်ပျိုးပါ။
  • ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။
  • ကာကွယ်လိုပါက ရေ ၂၀ လီတာဝင် ဆေးတစ်ပုံးလျှင် ဩဘာစွယ်စုံ ၅၀ စီစီနှုန်း ဖျန်းပါ။
  • ရောဂါ ကျရောက်ပါက ဆေးတစ်ပုံးလျှင် ယူနတီ ၃၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။

Myanma Awba App

Install
×