ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2024-09-17
Share to
ရွက်ဖျန်းမြေဩဇာ အသုံးပြုသင့်သော အခြေအနေများ
ရွက်ဖျန်းမြေဩဇာ

ရွက်ဖျန်းမြေဩဇာအသုံးပြုခြင်းသည် မြေသြဇာ တိုက်ရိုက်ကျွေးခြင်းကို လျှော့ချခြင်းနှင့် မြေဩဇာအစားထိုးအသုံးပြုရန်မဟုတ်ဘဲ အပင် လိုအပ်သည့်အာဟာရဓါတ်များကို အရွက်မှတစ်ဆင့် လျှင်မြန်စွာ ရရှိနိုင်ရန် ထပ်မံဖြည့်စွက်ပေးခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သီးနှံပင်နှင့် ပတ်ဝန်းကျင်အခြေအနေအရ ရွက်ဖျန်းမြေသြဇာ အသုံးပြုသင့်သော အခြေအနေများကို ဖော်ပြပေးလိုက်ပါတယ်။

ရွက်ဖျန်းမြေဩဇာအသုံးပြုသင့်သောအခြေအနေများ -

  • မြေဆီလွှာအတွင်း သီးနှံပင်အတွက် လိုအပ်သောအာဟာရများ လုံလောက်မှုမရှိသော အချိန်
  • မိုးရွာသွန်းမှုမရှိဘဲ ရေသွင်းရန် ခက်ခဲသော အချိန်
  • မြေဆီလွှာ ချဉ်လွန်း၊ ငံလွန်းသောကြောင့် အပင်၏ အမြစ်မှ အာဟာရများ စုပ်ယူမစားသောက်နိုင်ချိန်
  • အမြစ်သည် ရောဂါများ၊ ပိုးမွှားများ၊ နီမတုပ် နှင့် ပတ်ဝန်းကျင် အခြေအနေများကြောင့် မြေဆီလွှာမှ အာဟာရဓါတ်များ စုပ်ယူရန် ခက်ခဲလာသည့်အချိန်
  • ရာသီဥတုခြောက်သွေ့ခြင်း၊ ရေဝပ်ခြင်း၊ ရာသီဥတုအေးခြင်းတို့ကြောင့် အပင်မှ အာဟာရများ အလွယ်တကူ မရနိုင်သောအခြေနေများ
  • ပန်းပွင့်ချိန် တွင် အမြစ်ဖွံဖြိုးမှုနှင့် အမြစ်၏ လုပ်ဆောင်ချက်များ လျော့ကျ သွားလေ့ ရှိသော ကြောင့် လိုအပ်သောအာဟာရဓါတ်များအချိန်မှီ မရရှိနိုင်ချိန်တို့တွင် ရွက်ဖျန်းမြေဩဇာများ ကိုအသုံးပြုပေးရန်လိုအပ်ပါသည်။

ရွက်ဖျန်းမြေဩဇာများကို ပတ်ဝန်းကျင်လေအေးနေသောအချိန် မနက်စောစောမှာ သုံးပေးပါက အကောင်းဆုံးဖြစ်သည်။