ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-09-12
Share to
စပါးဖျက် ရွှေခရုနှင့် ကာကွယ်နှိမ်နင်းနည်းများ
ရွှေခရု
မြန်မာနိုင်ငံတွင် စပါးစိုက်ခင်း၊ ပျိုးခင်း များတွင် ကျရောက်သော ဖျက်ပိုးများစွာ ရှိပါသည်။ သို့ရာတွင် ခရုများကို အဓိက ဖျက်ပိုး အဖြစ်သိရှိသူ နည်းပါးပါသည်။
 
ခရု၏ မူရင်း ဒေသနှင့် ပျံ့နှံ့တည်ရှိမှု ခရု၏ မူရင်းဒေသမှာ တောင်အမေရိက ဖြစ်၍ ထိုင်ဝမ်သို့ ပင်လယ်အစားအစာ အဖြစ် ရောက်ရှိလာခဲ့သည်။ ၁၉၇၉-၈၀ ပြည့်နှစ်တွင် ထိုင်ဝမ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံ များသို့ ပျံ့နှံ့ ဝင်ရောက်လာသည်။
 
သွင်ပြင်လက္ခဏာ
ခရုများ၏ ဥများမှာ ပထမတွင် ပန်းနုရောင် အရွယ်အစားမှာ ၂၂ ဒသမ ၈ မီလီမီတာ ခန့်ရှိပြီး တဖြည်းဖြည်း ပန်းဆီ အနီရောင်သို့ပြောင်းလာသည်။ ကြီးရင့်လာသည်နှင့် အဖြူရောင်သို့ပြောင်းလာသည်။ အကောင်ကြီး၏အရောင်မှာ ဝါညိုရောင်ရှိပြီး အရွယ်အစားမှာ ငါးစင်တီမီတာခန့် ၂-၃ လက်မခန့်ရှိသည်။
 
မျိုးပွားခြင်း
ကောင်ပေါက်ပြီး ၂-၃ လတွင် အရွယ် ရောက်ပါသည်။ အမ တစ်ကောင်သည် တစ်ကြိမ်လျှင် ၁၀၀ မှ ၁,၀၀၀ အထိ အတွဲလိုက်ဥနိုင်သည်။ အမတစ်ကောင်သည် တစ်နှစ် အတွင်း သုံးကြိမ်ခန့် မျိုးပွားနိုင်သည်။ ရွှေ ခရုတစ်ကောင်သည် ပတ်ဝန်းကျင်ရှိ အပူချိန်နှင့်အစာရေစာပေါ်မူတည်၍ ၅-၁၀ နှစ် အထိ အသက်ရှင်နေထိုင်နိုင်သည်။
 
စားသောက်ပုံနှင့် နေထိုင်ဓလေ့
ခရုအမ များသည် ဥတွဲများကို ရေမျက်နှာပြင် အထက် ၂-၃ လက်မအတွင်း စပါး ပင်စည်ပေါ်တွင်လည်းကောင်း၊ မြက်ပင် ပေါင်းပင်ပေါ် လည်းကောင်း ဥလေ့ရှိပါ သည်။ ဥများသည် ရှစ်ရက်မှ သုံးပတ်အတွင်း အကောင်ငယ်များ ပေါက်လာသည်။ အကောင်ငယ်ဘဝတွင် ရေညှိ၊ ရေမှော်၊ ရွက်နုများကို စားသောက်၍ အကောင် ကြီးလာသည်နှင့် အရွက်၊ အသီး၊ ပင်စည် နှင့် အမြစ်များကို စားသောက်သည်။
 
ဖျက်ဆီးမှု လက္ခဏာ
စပါး၊ ပြောင်း၊ ရှောက်၊ သံပုရာနှင့် ဟင်းသီးဟင်းရွက်များတွင် အများဆုံးကျ ရောက်နိုင်ပါသည်။ စပါးပျိုးခင်း၊ စိုက်ခင်း များတွင် ပင်ခြေမှ စတင်၍ ကိုက်ဖျက်စား သောက်လေ့ရှိပြီး အပင်များပြန်လည်ရှင် သန်နိုင်ရန် အလွန်ခဲယဉ်းသည်။ မြေကြီးထဲတွင် သုံးလအထိ ခိုအောင်းနေနိုင်ခြင်း ကြောင့် နွေစပါးခင်းရေသွင်းထားချိန်တွင် ကျရောက်မှုအများဆုံး ရှိနိုင်ပါသည်။
 
ကာကွယ်နှိမ်နင်းနည်းများ
ခရုများကျရောက်လာလျှင် အလျင် အမြန်ကာကွယ်နှိမ်နင်းရန် လိုအပ်ပါသည်။ နှိမ်နင်းနိုင်သော နည်းစနစ်များမှာ -
 
၁။ စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ် နှိမ်နင်းခြင်းကုန်းမြင့်ပိုင်းတွင် ပျိုးဘောင်များဖြင့် ပျိုးထောင်ခြင်း၊ ခရုဖျက်ဆီးမှုကို ခံနိုင်ရည် ရှိရန် ပျိုးသက်ကိုနောက်ဆုတ်၍ စိုက်ပျိုး ခြင်း၊ စပါးခင်းအတွင်း အသင့်အတင့်ကျယ်သော ရေဝပ်ကျင်း၊ အိုင်ငယ်လေးများ ပြု လုပ်ထားခြင်းဖြင့် ရေထုတ်သည့်အခါ ခရု အားလုံး ယင်းအိုင်ငယ်တွင် တစ်စုတစ်ဝေးတည်း လွယ်ကူစွာကောက်ယူ ဖျက်ဆီးနိုင် ခြင်း၊ စပါးရွှေ့ပြောင်းစိုက်ပြီး ၁၀ ရက် အတွင်း ရေထုတ်ခြင်း၊ ထုံးကို တစ်ဧက လျှင် ၁၅၀ ပိဿာနှုန်း ကြဲပက်ပေးခြင်း။
 
၂။ ကောက်ယူဖျက်ဆီးဖယ်ရှားခြင်း ဥအတွဲများကို ရှာဖွေကောက်ယူ ဖျက်ဆီးပစ်ခြင်း၊ ခရုများ ဥအုစေရန် ဝါးတိုင် ငယ်လေးများကိုလိုက်လံစိုက်ပေးပြီး ဥများတွေ့ရှိပါက ဖျက်ဆီးပစ်ခြင်း၊ အကောင် ငယ်နှင့် အကောင်ကြီးများကို လိုက်လံ ကောက်ယူပြီး အိတ်ထဲထည့်၍ လေလုံ ပိတ်ခြည်နှောင်ထားခြင်း၊ ရေကတွက်ပေါက်များ ရေသွင်းရေထုတ် မြောင်းပေါက်များ တွင် ဇကာ၊ ပိုက်ကွန်စိတ်စိတ်တပ်ဆင်၍ ဖမ်းယူဖျက်ဆီးခြင်း။
 
၃။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းဘဲများမွေးမြူ လွှတ်ကျောင်းခြင်း၊ ခရုဥနှင့် အကောင်ငယ်လေးများအား စား စေရန်လယ်ထဲသို့ ငါးများထည့်သွင်းမွေးမြူခြင်း။
 
၄။ အစာဖြင့်ဆွဲဆောင်ဖမ်းဆီးခြင်း ရေဝပ်ကျင်းများတွင် ပိန္နဲခွံ၊ နာနတ်ခွံ၊ ဒူးရင်းခွံ စသည့်အနံ့မွှေးသော မျှားစာများ ချထားပြီး လာရောက် စုဝေးစားသောက်ချိန် တွင် ကောက်ယူဖျက်ဆီးခြင်း။
 
၅။ ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ စနေးဆိုက် ခရုသတ်ဆေး သုံးပေးနိုင်ပါတယ်။
 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန"