ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-09-12
Share to
စပါးစိုက်တောင်သူတိုင်း သတိထားသင့်သော ဖျက်ပိုးများ
နှံစုပ်ပိုး
စပါးနှံမှ နို့ရည်ကို စုပ်ယူစားသောက်သဖြင့် အနှံအရောင် ပျက်၍ အဖျဉ်းအမှော် များစေသည်။ စပါးခင်းအတွင်း ဝင်ရောက်ပါက ဂျပိုးအနံ့ရှိသည်။ နှံစုပ်ဂျပိုးများ တွေ့သည်နှင့် ဆေးဖျန်းပါ။
 
ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ ဇိုင်ကလုံးတစ်လှည့် ယက္ခတစ်လှည့် အသုံးပြုနိုင်သည်။
 
ရွက်လိပ်ပိုး
ရေရှိသော ပျိုးခင်း၊ စိုက်ခင်းများတွင် စပါးပင်ငယ်များ၏ အရွက်များကို ကိုက်ဖြတ်ပြီး ရွက်ပြတ်များဖြင့် ဖျာလိပ်ပုံ အိမ်များ ပြုလုပ်ကာ ထိုအတွင်း၌နေပြီး စပါးရွက်၏ အစိမ်းရောင် အပိုင်းကို ခြစ်၍ စားသောက်လေ့ရှိသည်။ ရွက်လိပ်၊ ရွက်ပြတ်များ စတွေ့သည်နှင့် ဆေးဖျန်းပါ။
 
ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ ဇွန်ဘီတစ်လှည့် ဖိုင်းရားတစ်လှည့် အသုံးပြုနိုင်သည်။
 
ဖြုတ်ပိုး
စပါးပင်များ၏ အောက်ခြေတွင်နေ၍ ပင်ရည်ကို စုပ်စားသည်။ စပါးရွက်များ နီရဲခြောက်သွေ့၍ ဖြုတ်လောင်ခြင်း လက္ခဏာကို တွေ့ရသည်။ စပါး ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်သည်။ ဖြုတ်ညိုကျပါက စပါးနှံတွင် အစေ့တည်မှု နည်းသဖြင့် အဖျဉ်းအမှော်များစေသည်။ စပါးပင် အောက်ခြေအထိ ဆေးကို နှံ့စပ်အောင် ပက်ဖျန်းပေးပါ။
 
ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ ဇွန်ဘီတစ်လှည့် ဖိုင်းရားတစ်လှည့် အသုံးပြုနိုင်သည်။
 
ရောဂါပိုးမွှားကင်းရှင်း၍ အထွက်နှုန်းကောင်းတွေ ရကြပါစေဗျာ