ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-09-12
Share to
ငရုတ်ရွက်သေးထိုးရတဲ့ အကြောင်းရင်း
ငရုတ်ရွက်သေးထိုးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်
 
ငရုတ်မှာ စုပ်စားပိုးတွေကျရင် အရွက်များ သေးပြီးလှီခြင်း (ရွက်သေးထိုးခြင်း)၊ အရွက်ထွတ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ စုပ်စားပိုးကတော့ အများအားဖြင့် လှေးပိုးနှင့် မွှားပင့်ကူ အကျများလေ့ရှိပါတယ်
 
အလွယ်ကူဆုံး ခွဲခြားကြည့်မည့်ဆိုလျှင်
 လှေးပိုးကျခဲ့ရင် အပင်ရဲ့ အရွက်နားတွေဟာ လှေပုံစံ အပေါ်ဘက်ကို လိပ်နေမှာဖြစ်ပါတယ်။ တစ်ခုခုပေါ်တင်ပြီး ကုပ်နေတဲ့ အရွက်လေးကို ခါကြည့်ပြီး လှေးရှိမရှိကြည့်နိုင်ပါတယ်။
 
ဆေးသုံးမည်ဆိုပါက တော်ပီဒို နင့် ဘလိတ်ကို တစ်လှည့်စီသုံးပေးနိုင်ပါတယ်။
 
မွှားပင့်ကူကျခဲ့ရင်တော့ အရွက်နားတွေဟာ အောက်ဘက်ကို လိပ်နေမှာ ဖြစ်ပါတယ်။ အရွက်များတွင် ပင့်ကူမျှင်များ ပင်ကူနီ/ပင်ကူဖြူများကို မြင်တွေ့နိုင်ပါတယ်။
 
ဆေးသုံးမည်ဆိုပါက ဒီမွန် + အန်ဂျူးဝါး သုံးပေးပါ။
 
စုပ်စားပိုးကြောင့် အရွက်များပုံမမှန်ဖြစ်ခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း၊ ဗိုင်းရပ်ရောဂါများ ဝင်ရောက်ခြင်း စသော အကြောင်းအရာများဖြစ်နိုင်ပြီး အထွက်နှုန်းကို ထိခိုက်စေနိုင်ပါတယ် ။
 
ဒါ့ကြောင့် တောင်သူကြီးတို့ ငရုတ်အထွက်နှုန်းတွေ မဆုံးရှုံးစေဖို့ စုပ်စားပိုးများ ကြိုတင်ကာကွယ်ကြဖို့ရာ သတိပေးလိုက်ရပါတယ်ခင်ဗျာ။

ဆက်စပ်ထုတ်ကုန်များ