ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-08-16
Share to
စပါးပင် ဘာကြောင့်ယိုင်လဲရတာလဲ?

စပါးပင် ဘာကြောင့်ယိုင်လဲရတာလဲ?

ကျွန်တော်တို့လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ စပါးစိုက်တောင်သူ တော်တော်များများကို စပါးပင်ဘာကြောင့်ယိုင်လဲ တာလဲလို့မေးရင် ?

အဖြေက အရမ်းရိုးရှင်းပါတယ်

• စပါးပင်တွေအရပ်ရှည်ပြီး မိုးအရမ်းရွာခြင်း၊ လေအရမ်းတိုက်ခြင်း၊ ရာသီဥတုဆိုးရွားခြင်း တို့ကြောင့် ဖြစ်တယ်လို့ ယေဘူယျအားဖြင့် ဖြေလေ့ရှိပါတယ်

တကယ်တော့တောင်သူတွေဖြေတဲ့ အ‌ဖြေဟာလုံးဝအမှန်မဟုတ်သလို လုံးဝမှားနေတာလဲမဟုတ်ပါဘူး။

တောင်သူများ သတိမထားမိတဲ့ စပါးအပင်ယိုင်လဲမှုရဲ့ အခြားပြဿနာက -

• မလိုအပ်ဘဲ မြေသြဇာများ အလွန်အကျွံကြွေးသည့်အခါ ယိုင်လဲနိုင်ခြင်း

• ဘယ်ချိန်စိုက်စိုက် ပန်းပွင့်ရက် တိတိကျကျ ရှိသော အလင်းရောင်တုံ့ပြန်မှုရှိသည့် ဒေသမျိုးများကို စိုက်ချိန်စောစောစိုက်ပါက ပင်ပိုင်းထွားချိန်ကြာမြင့်ပြီး အပင်အရပ် မူလထက်ပိုရှည်ရခြင်းကြောင့် လည်းယိုင်လဲနိုင်ခြင်း

• အပင်ငယ်စဥ် အပင်ပိုင်းကြီးထွားဖွံ့ဖြိုးချိန်တွင် နိုက်ထရိုဂျင်မြေသြဇာကို အလွန်အကျွံကျွေးပါက အပင်ကြီးထွားပွားများမှု အားကောင်းသော်လည်း စပါးပင်မှာတောင့်တင်းခိုင်မာမှု အားနည်းပြီး ယိုင်လဲနိုင်ခြင်း

ဘယ်လိုဖြေရှင်းမလဲ

• စပါးပင် အဓိက လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ်ဖောရပ်စ် နှင့် ပိုတက်ဆီယမ် အပြင် ဆီလီကာ ၊ ကယ်လ်ဆီယမ် စသည့်အနည်းလိုအာဟာရဓာတ်များကို အချိုးကျကျ ထည့်သွင်းပေးခြင်း

• နိုက်ထရိုဂျင်မြေဩဇာကို ကို လိုအပ်သည်ထက်ပိုမသုံးခြင်း

• အပေါ်ယံမြေဆီလွှာ အာဟာရဓာတ်ပေါများကြွယ်ဝ နေသောစပါးခင်းများတွင် မြေဩဇာ စနစ်တကျ ထည့်သွင်းအသုံးပြုပေးခြင်း

•ယိုင်လဲမှုဒဏ်ခံနိုင်သော စပါးမျိုးများစိုက်ပျိုးခြင်း တို့ဖြင့် ကာကွယ်ဖြေရှင်း နိုင်ပါတယ်။