ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-07-18
Share to
စပါးရွက်လိပ်ပိုး ( Rice Leaf Folder ) Cnaphalocrocis medinalis
📌 ဖျက်ဆီးပုံလက္ခဏာ
 
• စပါးရွက်လိပ်ပိုးသည် စပါးရွက်များကို ခြစ်စားသော ပိုးတစ်မျိုးဖြစ်သည်။
 
• စပါးရွက်လိပ်ပိုး၏ သားလောင်းကောင်သည် ချည်မျှင်များဖြင့်စပါးရွက်၏နှုတ်ခမ်းသားနှစ်ဖက်ကိုချည်နှောင်၍ရွက်လိပ်ဖြစ်အောင်လုပ်ဆောင်သည်။
 
• သားလောင်းကောင်သည်ထိုရွက်လိပ်အတွင်းသို့ဝင်ရောက်ပြီး အရွက်၏အစိမ်းသားများကို ရွက်ကြောသာကျန်သည်ထိခြစ်စားလေ့ရှိသည့်။
 
🔰စပါးရွက်လိပ်အိမ်ပိုးကျရောက်သောအခင်းများတွင်
 
• အရွက်များပေါ်တွင်အလင်းဖေါက်နိုင်သောအဖြူရောင်အစင်းများရှိနေခြင်း၊ အရွက်များလိပ်နေခြင်း၊
 
• တစ်ခါတစ်ရံနီးစပ်ရာအရွက်နှစ်ရွက်သုံးရွက်ကိုပူး၍လိပ်ထားခြင်းများအပြင် အရွက်အောက်မျက်နှာပြင်တွင်အဖြူရောင်ဥများတွေ့ရခြင်း၊
 
• ခြစ်စားခံရသော အရွက်များပေါ်တွင်မစင်များရှိနေခြင်း အရွက်မပြန့်သေးသောရွက်နုများ၏အောက်ခြေပိုင်းတွင် ရွက်လိပ်ပိုးသားလောင်း အငယ်အဆင့်များစားသောက်နေသည်ကိုတွေ့နိုင်သည်။
 
• အထူးသဖြင့်စပါးရွက်လိပ်အိမ်ပိုးသည် နိုက်ထရိုဂျင်အသုံးများသည့်အခါကျရောက်နိုင်သည်။
 
• စပါးရွက်လိပ်အိမ်ပိုးသည် အပင်ကြီးထွားမှု အဆင့်တိုင်းတွင်ဖျက်ဆီးနိုင်သည်။
 
• အပင်ငယ်စဉ်အပင်ပိုင်းကြီးထွားသည့်အဆင့်တွင်ကျရောက်ဖျက်ဆီးပါက ယေဘုယျအားဖြင့် အပင်ပြန်လည်ကြီးထွားရှင်သန်နိုင်သော်လည်း မျိုးပွားသည့်အဆင့်တွင် ကျရောက်ဖျက်ဆီးခြင်းခံရပါက စီးပွားရေးထိခိုက်နိုင်သည်။
 
‼အလံရွက်တစ်ဝက်ခန့်သော်လည်းကောင်း အလံရွက်အောက်ရှိ အရွက်နှစ်ရွက်သော်လည်းကောင်း ဖျက်ဆီးခံရပါက စပါးအထွက်နှုန်း သိသိသာသာကျဆင်းစေသည်။
 
📌ကာကွယ်နှိမ်နင်းနည်း
 
• ပိုးဒဏ်ခံနိုင်သောစပါးမျိုးများကိုရွေးခြယ်စိုက်ပျိုးခြင်း၊
 
• အခြားသောသီးနှံများနှင့်သီးလှည့်စိုက်ခြင်း၊
 
• လယ်ကွက်အတွင်းနှင့် ကန်သင်းပေါ်ရှိပေါင်းမြက်များကိုနှိမ်ခြင်း၊
 
• ကောက်ကွက်ကျဲကျဲစိုက်ခြင်း၊
 
• ပုလဲမြေသြဇာတမျိုးတည်းသုံးစွဲခြင်းမှရှောင်ကျဉ်ပြီး N:P:K မြေသြဇာများကိုစနစ်တကျအချိုးကျသုံးစွဲခြင်း၊
 
• ရိုးပြတ်များကိုစပါးရိတ်သိမ်းပြီးချိန်တွင်ဖျက်ဆီးပေးခြင်းများလုပ်ဆောင်ပေးသင့်ပါသည်။
 
‼ပိုးသတ်ဆေးသုံးစွဲမည်ဆိုပါက ဇွန်ဘီနှင့်ဖိုင်းရားကို တစ်ပတ်ခြားတစ်ကြိမ် စီသုံးပေးခြင်းဖြင့်ကာကွယ်နှိမ်နင်းနိုင်ပါသည်။
 
မြန်မာ့သြဘာ၏ စပါးစိုက်တောင်သူကြီးများ စပါးအထွက်တိုးပြီး ဈေးကောင်းရကြပါစေ။