Skip to the content
Search for:
Search Button
ဆက်သွယ်ရန်
ပင်မစာမျက်နှာ
မြန်မာ့ဩဘာထုတ်ကုန်များ
မြေသြဇာများ
မှိုသတ်ဆေးများ
ပေါင်းသတ်ဆေးများ
ပိုးသတ်ဆေးများ
ရွက်ဖျန်းအားဆေးများ
မျိုးစေ့လူးနယ်ဆေးများ
စွဲကပ်ပြန့်နှံ့ဆေးများ
စိုက်သီးနှံများ
စိုက်ပျိုးရေး ဗဟုသုတ
သတင်းနှင့်ဆောင်းပါး
ကျွန်ုပ်တို့အကြောင်း
ဆက်သွယ်ရန်
ပင်မစာမျက်နှာ
မြန်မာ့ဩဘာထုတ်ကုန်များ
မြေသြဇာများ
မှိုသတ်ဆေးများ
ပေါင်းသတ်ဆေးများ
ပိုးသတ်ဆေးများ
ရွက်ဖျန်းအားဆေးများ
မျိုးစေ့လူးနယ်ဆေးများ
စွဲကပ်ပြန့်နှံ့ဆေးများ
စိုက်သီးနှံများ
စိုက်ပျိုးရေး ဗဟုသုတ
သတင်းနှင့်ဆောင်းပါး
ကျွန်ုပ်တို့အကြောင်း
ဆက်သွယ်ရန်
ပင်မစာမျက်နှာ
စိုက်ပျိုးရေး ဗဟုသုတ
Published in
2023-07-06
Share to
ခရမ်းချဉ်တွင် ကျရောက်တတ်သော ဘက်တီးရီးယားရွက်ပြောက်ရောဂါ
ခရမ်းချဉ်စိုက်တောင်သူကြီးတို့ စိတ်ညစ်ရတဲ့ ရောဂါတွေထဲက တစ်ခုကတော့ ဘက်တီးရီးယား ရွက်ပြောက်ရောဂါပါပဲ...
ဘက်တီးရီးယားရွက်ပြောက်ရောဂါဟာဆိုရင်...
အပင်အပေါ်ပိုင်းတွင် အများဆုံး ကျရောက်တတ်ပြီး အရွက်၊ ပင်စည်၊ အသီးပေါ်တွင် အညိုရောင် အဝိုင်းဒဏ်ရာများ ပေါ်လာသည်။
အရွက်ဒဏ်ရာတစ်ဝိုက်ရှိ တစ်သျှူးသားများသည် အဝါရောင်ပြောင်းလာပြီး အချို့သော အရွက်များတွင် အပေါက်ပုံစံများ ဖြစ်နေသည်ကို တွေ့နိုင်သည်။
ဒဏ်ရာများ ဆက်လာသောအခါ အရွက်များ ခြောက်လာပြီး ကြွေကျသည်အထိဖြစ်နိုင်သည်။
အသီးပေါ်ရှိ ဒဏ်ရာများသည် သေးငယ်သော အစက်ပြောက်များအဖြစ် စတင်ပြီး နောက်ပိုင်းတဖြည်းဖြည်း ဖောင်းလာကာ အနာဖေးပုံစံကဲ့သို့ ဖြစ်လာသည်။
ရောဂါဖြစ်စေသော သက်ရှိမှာ
အစေ့မှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သလို စက်ကိရိယာများ၊ မိုးပြင်းလေပြင်းများ၊ ရေစင်ခြင်းများမှ တစ်ဆင့်လည်း ကူးစက်နိုင်သည်။
သီးနှံအကြွင်းအကျန်များတွင် ဆောင်းခိုနိုင်ပြီး မိုးသည်းထန်စွာ ရွာခြင်း၊ စိုထိုင်းဆ မြင့်မားခြင်း၊ အပူချိန် ၇၅-၈၆ ဒီဂရီ ဖာရင်ဟိုက်တွင် ရောဂါပေါက်ပွားနှုန်း မြင့်မားသည်။
ရောဂါဖြစ်စေသက်ရှိသည် ရောဂါမဖြစ်သေးဘဲ အပင်ပေါ်တွင် ရှင်သန်နိုင်သည်။
ကာကွယ်နှိမ်နင်းနည်းများ
ရောဂါ၊ ပိုးမွှားကင်းစင်သော ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပျိုးပါ။
ပျိုးပင်များကို ရေများစွာ ပေးခြင်း ရှောင်ပါ။
ရေဆင်းအားကောင်းသော မြေမျိုးတွင် စိုက်ပျိုးပါ။
သီးနှံအကြွင်းအကျန်များကို ထယ်ထိုးထွန်မှောက်ပေးပါ။
သီးလှည့်စိုက်ပျိုးပါ။
ဆေးသုံးမည်ဆိုပါက ရေ ၂၀ လီတာဝင် ဆေးတစ်ပုံးလျှင် ဘီလီယံ ၁၀၀ ဂရမ်နှင့် ကျူပရောက်ဆက် ၅၀ စီစီ နှုန်းဖြင့် ရက်ခြားအလိုက် တစ်လှည့်စီ ဖျန်းပါ။
Myanma Awba App
Install
×
Install this Myanma Awba on your iPhone
and then
Add to Home Screen
×
Scroll Up