ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-06-20
Share to
စပါးခင်းမှာ ရေညှိရှိရင် ဘယ်လိုပြသနာတွေရှိမလဲ

တောင်သူကြီးတို့စပါးခင်းမှာ ကျွေးလိုက်တဲ့အာဟာရဓာတ်တွေကို စပါးပင်က စားသုံးနိုင်ဖို့ဆိုရင် မိမိရဲ့စပါးစိုက်ခင်းမှာ ပေါင်းတွေရှင်းနေဖို့ အဓိကလိုအပ်ပါတယ်။ ပေါင်းမျိုးစိတ်များစွာရှိသည့်အနက် ဒီနေ့မှာတော့ ရေညှိပင်တွေရဲ့အကြောင်းကိုရေးသားဖော်ပြလိုက်ပါတယ်။

 

 ရေညှိပင်တွေဟာ အာဟာရတွေကို စပါးပင်တွေနဲ့ အပြိုင်စားသောက်ရုံသာမက စပါးပင်တွေရဲ့အမြစ်ကိုကုပ်တွယ်မှုအားနည်းစေတာကြောင့် အလွယ်တကူကျွတ်ထွက်နိုင်ပါတယ်။

 

ရေသွင်းရေထုတ်ညံ့ဖျင်းသောမြေများ၊ ပုလဲမြေဩဇာ သုံးစွဲမှုများသောမြေများ၊ ဖော့စ်ဖိတ်ဓာတ်ပါဝင်တဲ့မြေဩဇာများသုံးစွဲမှုများသောမြေများ၊ မြေချဉ်နေတဲ့လယ်မြေ တွေမှာရေညှိပင်တွေကို အများဆုံးတွေ့ရပါတယ်

 

ရေညှိမရှိအောင် ဘယ်လိုကာကွယ်နိမ်နှင်းမလဲ

• နှစ်စဉ်ဖြစ်လေ့ဖြစ်ထရှိတဲ့လယ်မြေတွေမှာဆိုရင်တော့ စပါးမစိုက်ခင်မှာ ထုံးကို မြေခံထည့်ပေးခြင်း

• စပါးခင်းမှာရေညှိတွေများနေပြီဆိုရင်တော့ စိုက်ခင်းကိုရေသွင်းရေထုတ်ပြုလုပ်ခြင်း

• သဘာဝမြေဩဇာများအသုံးပြုပေးခြင်း

• ကော့ပါးပါတဲ့ဆေး တစ်မျိုးမျိုး အသုံးပြုခြင်း

• ရေညှိပင်ဆဲလ်တွေရဲ့ အစာချက်လုပ်မှုကိုဟန့်တားပေးသော ဇင့် အသုံးပြုပေးခြင်း

• ဓာတုပေါင်းသတ်ဆေးဖြင့်နှိမ်နင်းလိုပါက မြန်မာ့သြဘာမှ ပင်စီ ပေါင်းသတ်ဆေး သုံးစွဲနိုင်ပါသည်။

 

ပင်စီ ပေါင်းသတ်ဆေးမသုံးမီ တက်နိုင်သမျှရေအနည်းဆုံးဖြစ်အောင် ထုတ်ပါ။ စပါးစိုက်ခင်းအတွင်း ရေမများပါက ၁ဧက ၁လီတာနှုန်း ဖြင့် ရေထဲသို့ဖျန်းနိုင်ပါသည်။ ရေများပါက ၁ဧက ၂လီတာနှုန်းခန့်ဖျန်းပေးရပါမည်။ ဆေးဖျန်းပြီး စပါးခင်းအတွင်း ၁ပတ်ခန့် ရေအဝင်အထွက် မရှိအောင်ထိန်းသိမ်းနိုင်မှ ထိရောက်မှုကောင်းပါသည်။