ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-05-30
Share to
နည်းစနစ်မှန်ကန်သော မိုးစပါး အခြောက်ကြဲစိုက်ပျိုးနည်း

 

ယခုကာလ စပါးစိုက်ပျိုးချိန်မှာ ရင်းနှီးမြုပ်နှံမှုအခက်အခဲ၊ ဓာတ်မြေဩဇာအခက်အခဲ၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတဲ့အတွက် စပါးစိုက်ပျိုးသည့်အခါ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲစိုက်ပျိုးလာတာကတော့ စပါး အခြောက်ထယ်ရေး တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းပဲဖြစ်ပါတယ်။

 အခြောက်ထွန်ရေး တိုက်ရိုက်မျိုးစေ့ချစပါးစိုက်ခြင်းမှာ -

အစိုဓာတ်မြင့်မားပြီး မိုလေဝသကောင်းမွန်သောဒေသများနှင့်ရေနက်ကွင်းများမှာ ပိုပြီးသင့်တော်တဲ့နည်းစနစ်ဖြစ်ပါတယ်။

 စပါးအခြောက်စိုက်ပျိုးရန် လိုအပ်ချက်များမှာ -

⦿ ထွန်ရေးကောင်းအောင်ဆောင်ရွက်ပေးရပါမယ်။ ထွန်စက်ကြီးများနှင့်လည်း ထယ်ရေးမှုန့်ညက်နေအောင် ပြုပြင်ခြင်း ၊ မြင့်ရာမှ နိမ့်ရာသို့ ကြမ်းတုံးရိုက် မြေညှိပေးရပါမယ်။

⦿ နောက်ဆုံးထွန်ရေးမတိုင်ခင် မြေဆွေး၊နွားချေးထည့်ပြီးနှံ့အောင်ထွန်ယက်ပေးရပါမည်။

⦿ မေလလောက်မှာစပါးအပင်ပေါက်ရာခိုင်နှုန်း (၈၅%) ရှိတဲ့မျိုးကို ထယ်ရေးအခြောက်ထဲမှာ ကြဲပက်ရမှာဖြစ်ပါတယ်။

⦿ ကြဲပက်လိုက်တဲ့မျိုးစေ့များကို ထွန်နဲ့ခပ်ပါးပါးမောင်းပြီးဖုံးပေးရမည်။

⦿ မိုးရွာပြီး မြေကြီးအစိုဓာတ်နည်းနည်းရပါက စပါးပင်များပေါက်လာမှာဖြစ်ပါတယ်။

⦿ စပါးအပင်ပေါက်ပြီး ၁၅ ရက်သားရောက်ချိန်(သို့မဟုတ်)စပါးရွက် ၂ ရွက်ထွက်ချိန်တွင် ကန်သင်းကိုရေလုံအောင်ပိတ်ပြီးအပင်မမြုပ်အောင်ရေစလှောင်မှသာနည်းစနစ်မှန်ကန်တဲ့ မိုးစပါးအခြောက်ကြဲစိုက်ပျိုးနည်းဖြစ်ကြောင်းရေးသားဖော်ပြလိုက်ရပါတယ်ခင်ဗျာ။