ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-05-18
Share to
ငရုတ်အရွက်များ ဘာကြောင့် ကြွေရသနည်း?

ငရုတ်ရွက်ကြွေရသော အကြောင်းတရား နှင့် ပြဿနာများစွာ ရှိပါသည်။ ထိုအရာများမှာ -

၁။ ရေလျှံခြင်း၊ ရေများလွန်ခြင်း
 ရေများရေလျှံခြင်းသည် ငရုတ်ပင်၏ အမြစ်များကို လျင်မြန်စွာ ပုပ်စေပါသည်။

၂။ ရေနည်းလွန်းခြင်း
 ခြောက်သွေ့လွန်းပါကလည်း ငရုတ်ရွက်များသည် ညှိုးနွမ်းပြီး ကြွေစေပါမည်။

၃။ ကလိုရင်းဓါတ် နှင့် မြေငန်ခြင်း
 ကလိုရင်းဓါတ်သည် ငရုတ်ရွက်များကို အဝါရောင် အကွက်များဖြစ်စေပြီး အရွက်များကို ဝါစေပါသည်။ မြေငန်လွန်းပါက ငရုတ်ပင်များ အာဟာရ ရရှိမှု ပိုခက်ခဲစေ ပါသည်။

၄။ အပူ နှင့် နေရောင် မရရှိခြင်း
 အပူချိန် ၁၆ ဒီဂရီ စင်တီဂရိတ်အောက် အမြဲတမ်းရှိနေသော အခြေအနေဟာ ငရုတ်ပင်ကြီးထွားမှုကို ဆိုးရွားစေရုံသာမက ရောဂါကျ လွယ်ကူစေ ပါသည်။ အလင်ရောင် လုံလောက်စွာ မရရှိပါကလည်း ငရုတ်ရွက် များကို ကြွေစေ ပါသည်။

၅။ အာဟာရဓါတ်များ ချို့တဲ့ခြင်း
 အာဟာရဓါတ်များ နည်းလွန်းပါက ငရုတ်ပင်များ ကျုံလှီပြီး အရွက်များကြွေရုံသာမက အခြားသော ပြဿနာများကိုပါ ဖြစ်စေပါသည်။

၆။မြေဆီ လွန်ကဲစွာ ကျွေးခြင်း
 နိုက်ထရိုဂျင်ဓါတ် ကို လိုတာထက်ပိုးပြီး အမြဲလွန်ကဲစွာ ကျွေးခြင်း။

၇။ဆီးနှင်းများ ဖုံးအုပ်ခြင်း
 အပူချိန် ၈ ဒီဂရီ စင်တီဂရိတ်အောက်မှာ ငရုတ်ပင်များဟာ ကျုံ့သွားကြပါသည်။ ဆီးနှင်းများ ဖုံးအုပ်ခြင်းက ငရုတ်ပင်များကို သေစေပါသည်။

၈။ပိုးမွှားများ ကျရောက်ခြင်း
 အထူးသဖြင့် မွှားပင့်ကူ အဖြူ/အနီ၊ လှေ၊ ပျ၊ ပိုးစေးနှဲ၊ ခြ စုပ်စားခြင်းများကြောင့်ဖြစ်ပါတယ်။

၉။ရောဂါများ ကျရောက်ခြင်း
 အထူးသဖြင့် ခါးရိ (damping off)၊ ပင်ခြေပုတ် (sclerotium)၊ ဖားဥမှိုရောဂါ (powdery mildew)၊ ရွက်ပြောက်ရောဂါများကြောင့်လည်းကြွေကျတတ်သည်

အထက်ပါ ငရုတ်ပင် အရွက်ကြွေရသော အချက်များကို သတိထားခြင်းဖြင့် အနာနှင့်ဆေး မှန်မှန်ကန်ကန် ရွေးချယ်အသုံးပြုပြီး အဆင်ပြေ ချောမွေ့ ကြပါစေခင်ဗျာ။