ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-05-09
Share to
ငရုတ် အသီးမတင်ရသည့် အချက်များ

• ရာသီဥတု မမျှတခြင်း အပူလွန်အေးလွန်း ဖြစ်ခြင်း။
• ရေအလွန်အကျွန်ပေးမိခြင်း၊ရေငတ်လွန်ခြင်း။
• အပင်ဦးရေများပြီး လေဝင်လေထွက်နည်းခြင်း။
• ဝတ်မှုန်ကူးအားကောင်းစေသော ဘိုရွန်ဓာတ်ချို့တဲ့ခြင်း။
• ကယ်ဆီယမ်ဓာတ်နည်းသောကြောင့် ငရုတ်ဖလံဖြူ များခြင်း။
• ပုလဲ ဓာတ်မြေဩဇာ အလွန်အကျွံသုံးခြင်း။
• ဖျက်ပိုးစုပ်စားပိုး ကျရောက်မှု့များခြင်း။
• အထက်ပါ ရာသီဥတုဒဏ် မိုးခေါင်ဒဏ်၊ရေငတ်ဒဏ်၊ရေဝပ်ဒဏ် ခံနိုင်ရည်ရှိရန် ပိုတက်ဆီယမ်အချိုးများများပါသောမြေဩဇာသုံးခြင်း။
• အသီးတင်ပြီး ဝတ်မှုန်ကူးအားကောင်းစေရန် ကယ်ဆီယမ်နှင့် ဘိုရွန်ဓာတ်များပါသော မြေဆီဩဇာကို ပန်းပွင့်ချိန်တွင် ထည့်ပေးခြင်းဖြင့် အသီးတင်မှုများပြီး ငရုတ်ဖလံဖြူကျမှုသက်သာပြီး အရည်သွေးမြင့်ငရုတ်သီးတောင့် များရရှိမှာဖြစ်ပါသည်။