ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-05-10
Share to
သဲဆန်သောမြေမှာ သီးနှံစိုက်ပျိုးအထွက်တိုးနိုင်ပါ့မလား

မြေဆီလွှာဖွဲ့စည်းတည်ဆောက်ပုံအရ သဲမြေ၊ နုန်းမြေ နှင့် ရွှံ့စေးမြေဆိုပြီး ၃ မျိုးရှိပါတယ်။ ၎င်းတို့အနက် သဲဆန်သောမြေများသည် သဲမှုန်အရွယ်အစားကြီးပြီး ကြမ်းရှရှဖြစ်ကာ ရေထိန်းစွမ်းအားနည်းသည့်အပြင် ခြောက်သွေ့မှု လျှင်မြန်ပါတယ်။ အာဟာရဓာတ်ပါဝင်မှုနည်းပြီး သီးနှံပင်အသုံးမပြုခင်ကတည်းက ရေနှင့် အာဟာရဓာတ်များပါ မြေအောက်သို့စိမ့်ဝင်လျော့နည်းနိုင်သည်။

 သဲမြေများတွင် သီးနှံများ စိုက်ပျိုးမည်ဆိုပါက အောက်ပါအာသာချက် ၊ အားနည်းချက်နှင့် ပြုပြင်ဆောင်ရွက်သင့်သော အချက်များကို မဖြစ်မနေသိထားသင့်ပါတယ်။

 သဲဆန်သောမြေ၏ အားသာချက်များ 

• ရေသွင်းလွယ်ကူလျှင်မြန်ခြင်း၊ မိုးသည်းထန်စွာရွာပြီးပါက ရေထုတ်ရလွယ်ကူခြင်း
• မြေသွားမွနေပြီး တူးဆွရလွယ်ကူးခြင်း၊ အမြစ်ဆင်းအားကောင်းပြီး အမြစ်ပိုထွက်ခြင်း
• အပင်ပေါက်မြန်ခြင်း
• သီးနှံပင်နှုတ်သိမ်းသည့်အခါ နှုတ်ရလွယ်ကူခြင်း

 သဲဆန်သောမြေ၏ အားနည်းချက်များ

• နွေရာသီတွင် ခြောက်သွေ့မှုပိုမိုလျှင်မြန်ခြင်း
• မိုးရွာသွန်းပါက မိုးရေနှင့်အတူ အစာအာဟာရများမျောပါသွားပြီး အစာနှင့် ရေထိန်းစွမ်းအားနည်းခြင်း
• ရေထိန်းစွမ်းအားနည်းခြင်းကြောင့် ရေခနခန ပေးသွင်းရပြီး ရေလိုအပ်ချက်မြင့်မားခြင်း
• သီးနှံပင်မှ လိုအပ်သော အာဟာရဓာတ်များကို ပြည့်ပြည့်ဝဝမရရှိဘဲ ချို့တဲ့မှုဖြစ်နိုင်ခြင်း

 သဲဆန်သောမြေတွင် လုပ်ဆောင်သင့်သောအဓိက အချက်များ

• အာဟာရ ဓာတ်များ ထိန်းထားနိုင်ဖို့ သဘာဝ သစ်ဆွေးမြေသြဇာများထည့်ပေးခြင်း
• နှစ်စဉ်နှစ်တိုင်း မြေဆွေး သေစ်ရွက်ဆွေး ၂ လက်မလောက်ထည့်ပေးခြင်း
• သီးနှံပင်များစိုက်သည့်အခါ သစ်ရွက် ကောက်ရိုး သစ်မွှစာများအသုံးပြု၍ မြေဖုံးပေးခြင်း
• သစ်စိမ်းမြေသြဇာနှင့် Cover Crop များစိုက်ပျိုးပေးခြင်း
• မုန်လာဥနီ၊ မုန်လာဥအဖြူ ၊ အားလူး ၊ ခရမ်းချဉ်၊ ငရုတ် ၊ စတော်ဘယ်ရီ၊ မုန်ညင်း နှင့် ဥစားသီးနှံများစိုက်ပျိုးသင့်ခြင်း
• သဲဆန်သောမြေများတွင် ရေပေးသွင်းပါက သီးနှံပင်အမှန်တကယ်လိုအပ်သော ရေပမာဏနှင့် အချိန်ကို ချိန်ဆပေးသွင်းရမည်
• ရေများများပေးမိပါက ရေတင်ခကုန်ကျစရိတ်များခြင်း၊ အမြစ်ဇုန်အောက်မှ မြေအောက်ရေထိ အာဟာရဓာတ်များမျောပါသွားနိုင်ခြင်းများဖြစ်နိုင်ပါတယ်။