အသီးတို့ရဲ့ဘုရင် ဒူးရင်း (King of fruits- Durian) စိုက်ပျိုးရာတွင် သိထားရမည့်အချက်များ

တစ်ကမ္ဘာလုံးက အသီးတို့ရဲ့ဘုရင် (King of fruits) လို့တင်စားကြတဲ့ ဒူးရင်းသီးနှံနဲ့ ပတ်သတ်တဲ့ စိုက်ပျိုးရေးဗဟုသုတတွေ တင်ပေးဖို့ တောင်းဆိုကြလို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ။

ဒူးရင်းပင် (Durian) သည် မူလက မိုးသစ်တောများတွင် ပေါက်ရောက်သော အပင်ဖြစ်သောကြောင့် ဖြစ်ထွန်းမှုအောင်မြင်ရန် မိုးရေချိန် လုံလောက်စွာရရှိရန် လိုအပ်ပါသည်။ ဒူးရင်း အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် ဒေသများသည် တစ်နှစ်ပတ်လုံး မိုးရေချိန် မျှတစွာ ရရှိပြီး စုစုပေါင်း မိုးရေချိန် တစ်နှစ်လျှင် လက္မ (၆၀-၁၀၀) အတွင်းရှိသော ဧရိယာများ ဖြစ်ကြသည်။
ဒူးရင်းပင်သည် လစဉ်ပျမ်းမျှအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ် အောက် ရောက်ရှိပါက ကြီးထွားမှု ရပ်တန့်ခြင်း ဒါမှမဟုတ် ကြီးထွားမှု နှေးကွေးသွားတတ်ပါသည်။
သဘာဝတိုင်း ကြီးထွားလာသော ဒူးရင်ပင်ကြီးများသည် အမြင့် ပေ ၁၃၀ ကျော်အထိ ရှိနိုင်သော်လည်း ကိုင်းဖြတ်ပုံသွင်းပြီး အမြင့်ကို ကန့်သတ်ပေးခြင်းအားဖြင့် အပင်မြင့်မားရန် အသုံးပြုလိုက်သော အာဟာရကို လျော့ချနိုင်သည့်အတွက် အထွက်နှုန်း ပိုမိုကောင်းမွန်ရုံသာလျှင်မက၊ နေရောင်ခြည်နှင့် လေဝင်လေထွက်ကို မျှတစွာ ရရှိစေသည့် မှိုရောဂါကျရောက်မှုကို သိသိသာသာ လျော့နည်းလာစေပါသည်။ ထို့အပြင် အပင်မမြင့်လွန်းသည့် အတွက် ပိုးသတ်ဆေးဖျန်းခြင်းနှင့် အသီးရိတ်သိမ်းခူးဆွတ်ရာတွင် ပိုမို လွယ်ကူစေလာပါသည်။
အမြစ်ကြီးထွားမှု လျော့နည်းလာသည့် ခြောက်သွေ့သည့်ရာသီဥတုကာလတွင် ဒူးရင်းပန်းပွင့်များသည် ပင်မကိုင်းမကြီးများပေါ်တွင် အပြွတ်လိုက်(အစုအဝေး) ပွင့်ကြသည်။
အပင်ကြီးထွားမှု ထိန်းညှိဆေး (ဥပမာ-Paclobutrazol) သည် အပင်၏ အရွက်၊အညွန့် စသည့် ပင်ပိုင်းကြီးထွားမှုကို နှေးကွေးစေပြီး ပန်းပွင့်ခြင်းကို လှုံဆော်ရာတွင် အဓိက သုံးစွဲကြသည်။ သို့သော် အလွန်အကျွံ သုံးစွဲပါက ပတ်ဝန်းကျင်ဂေဟစနစ်ကို ပျက်စီးစေသည့်အပြင် အပင်ထိပ်ဖျားမှ စတင်ပြီး ခြောက်သွေ့သေဆုံးသည့် ပြဿနာကို ဖြစ်ပေါ်စေပြီး အပင်သက်တမ်းကို တိုတောင်းစေပါသည်။
ဒူးရင်းပင်၏ သက်တမ်း ၁၂-၁၅ နှစ်အတွင်း ရောက်ရှိစဥ်ကာလသည် အသီး အထွက်ဆုံး (အထွက်နှုန်း အမြင့်မားဆုံး) ကာလ ဖြစ်သည့်အတွက် အာဟာရညီမျှစွာ ထိန်းညှိပြီး အပင်သက်တမ်းရှည်အောင် ပြုစုထိန်းသိမ်းသင့်ပါသည်။
ဒူးရင်းသီးများ ခူးဆွတ်ရိတ်သိမ်းခြင်း ကာလတွင် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ ဘိုရွမ်၊ ကောပါး၊ အိုင်ရွမ်း၊ မဂ္ဂနီစ်၊ ဇင့် စသည့်အာဟာရအမြောက်အများ ကုန်ဆုံးသွားပါသည်။
ပန်းခိုင်ပွင့်ချိန်တွင် အပင်အတွင်း အစာအလုံအလောက်ရှိရန် အပင်ကောင်းကောင်းကြီးထွားသည့်ကာလ၊ အထူးသဖြင့် ပန်းမပွင့်မီ ၈ ပတ်မှ ၁၀ ပတ်အလို ကာလမှ စတင်၍ အချိုးအစား ညီညွတ်မျှတသော NPK ဓါတ်မြေသြဇာများကို နှုန်းထားတင်ပြီး ကျွေးရန်လိုအပ်သည်။ ထိုအချိန်တွင် ကောမက်မြေဩဇာမှ ထွက်ရှိသော အမိုးနီယမ်နှင့် နိုက်ထရိုတ် နိုက်ထရိုဂျင် (၂)မျိုးနှင့် ဖော်စပ်ထုတ်လုပ်ထားသော (၁၀၀ %) ရေတွင် ပျော်ဝင်ပြီး အဟာရဓါတ် (၁၀) မျိုး ပါဝင်သည့် ကောမက်ပရီမိုလိုက် နှင့်အတူ ကောမက် ဂျစ်ပ်ဆမ် မြေဩဇာအမှုန့်ကို တွဲစပ်၍ ၂-၃ ပတ် တစ်ကြိမ်ကျွေးပေးသွားခြင်းအားဖြင့် ပန်းပွင့်ချိန်မတိုင်ခင် အပင်အတွင်း အာဟာရ အလုံအလောက် စုဆောင်းပြီးသားဖြစ်သည့်အတွက် အသီးကြီးများ ပိုမိုထွက်ရှိမှုကို အားပေးပါသည်။ ထို့အပြင် ကောမက်ပရီမိုလိုက်တွင် ကယ်လစီယမ်၊ ဘိုရွမ်၊ ဇင့် အစရှိသည့် အဟာရများပါဝင်သည့််အတွက် အသီးပုံပျက်ခြင်း၊ ဖင်ပုပ်ခြင်းနှင့် အသီးကွဲခြင်း စသည့် ပြဿာနာများဖြေရှင်းပြီးသားဖြစ်သလို စျေးကွက်ဝင်အသီး (အဆင့်မီ) ရရှိစေပါသည်။
အသီးဖွံ့ဖြိုးကြီးထွားချိန်တွင် နိုက်ထရိုဂျင်ဓါတ်ပိုမိုကျွေးမိပါက အညွန့်သစ်၊ အရွက်သစ်များ ထွက်ရှိလာစေပြီး အကျိုးဆက်အနေဖြင့် အသီးပုံပျက်(အသီးမလှ)ခြင်းကို ဖြစ်စေပါသည်။ ထိုကြောင့် ဒူးရင်းအသီး ကြက်ဥလုံးခန့် စတင်၍ ကောမက်မြေဩဇာမှ နောက်အချိုးမြင့်သော ကောမက်ဗွီစူပါ မြေဩဇာကို ကျွေးပေးခြင်းအားဖြင့် အသီးအသားပြည့်ဝစေခြင်း၊ ပိုတက်စီယမ်အာဟာရဓါတ်ပိုများသည့်အတွက် အညွန့်သစ်ထွက်ခြင်းကို ထိန်းညှိပေးခြင်း နှင့် ဈေးကွက်ဝင် ဒူးရင်းသီးကို ရရှိစေမည်ဖြစ်ပါသည်။