ငရုတ် ရေပေးသွင်းရာတွင် ဂရုစိုက်ရမည့် အချက်များ

ငရုတ် ရေပေးသွင်းရာတွင် ဂရုစိုက်ရမည့် အချက်များ
ငရုတ်သီးနှံတွင် အရည်အသွေးကောင်းပြီး မြင့်မားသော အထွက်နှုန်းရရှိရန်အတွက် အပင်အတွက် လိုအပ်သော ရေကို စနစ်တကျ ပေးသွင်းနိုင်ရန်လည်း အရေးကြီးပါသည်။ ငရုတ်သီးနှံသည် ရေဝပ်ဒဏ်ကို မခံနိုင်ပါ။ ရေငတ်ဒဏ်ကို အတော်အသင့် ခံနိုင်ပါသည်။

ငရုတ်သီးနှံတွင် ရေဝပ်ပါက ဘယ်လို ပြဿနာတွေ ဖြစ်နိုင်လဲ?
ငရုတ်သီးနှံတွင် ရေဝပ်နေပါက –
ပန်းပွင့်မှုနည်းပြီး အထွက်နှုန်း ကျဆင်းနိုင်ခြင်း
ငရုတ်ပင်တွင် ရောဂါများ ပိုမို ကျနိုင်ခြင်း
မြေကြီးထဲရှိ အဟာရဓာတ်များကို အပင်မှ စားသုံးရာ၌ ခက်ခဲစေခြင်း များဖြစ်နိုင်သည်။
ငရုတ်ပင်တွင် ရေငတ်ပါက ဘယ်လို ပြဿနာတွေ ဖြစ်နိုင်လဲ။
ငရုတ်သီးနှံတွင် ရေငတ်ပါက –
အသီးနှင့် ပန်းပွင့် ကြွေမှုများခြင်း
ကိုင်းဖြာထွက်မှု နည်းပါးခြင်း
အပင်ကောင်းစွာ မကြီးထွားနိုင်ခြင်းများဖြစ်နိုင်သည်။

ငရုတ်သီးနှံ သက်တမ်းတစ်လျှောက်တွင် ရေပေးသွင်းရန် အကြိမ်အရေအတွက်သည် စိုက်ပျိုးမြေအမျိုးအစား၊ ငရုတ်ပင်၏ သက်တမ်းနှင့် ရာသီဉတုအခြေအနေပေါ်တွင် မူတည်ပါသည်။
သဲဆန်သော မြေတွင် စိုက်ပျိုးပြီး ( ၇ – ၁၀ ) ရက် ခြား တစ်ကြိမ်နှုန်း သွင်းပေးရပါမည်။
နှုန်းဆန်သော မြေတွင် စိုက်ပျိုးပြီး ( ၁၀ – ၁၅ ) ရက်ခြား တစ်ကြိမ်နှုန်း သွင်းပေးရပါမည်။
ငရုတ်ပင်၏ ပန်းပွင့်ချိန်နှင့် အသီးကြီးထွားချိန် ကာလသည် ရေအလိုအပ်ဆုံး အချိန် ဖြစ်ပါသည်။
နွေရာသီတွင် စိုက်ပျိုးသော ငရုတ်များကို စိုက်ပျိုးပြီး ( ၇ – ၁၀ ) ရက်ခြား တစ်ကြိမ်နှုန်း သွင်းပေးရပါမည်။
ဆောင်းရာသီတွင် စိုက်ပျိုးသော ငရုတ်များကို စိုက်ပျိုးပြီး ( ၁၀ – ၁၅ ) ရက်ခြား တစ်ကြိမ်းနှုန်း သွင်းပေးရပါမည်။