ငရုတ် အစိုပုပ်ရောဂါ _ Choanephora Blight (Wet Rot)

ငရုတ် အစိုပုပ်ရောဂါ
Choanephora Blight (Wet Rot)
Choanephora cucurbitarum

ရောဂါလက္ခဏာ

အသီး၊ အပွင့်၊ အပင်အပေါ်ပိုင်းအညွန့်တွေမှာ ရောဂါလက္ခဏာကို တွေ့နိုင်သည်။
အစောပိုင်းအဆင့်မှာ အပင်အပေါ်ပိုင်းအညွန့်၊ အရွက်၊ အသီး၊ အပွင့် တွေမှာ ရေစိုနာ ကွက်တွေဖြစ်လာပြီး ခြောက်သွားသည်။
နောက်ပိုင်းမှာ ရောဂါအောက်ထိရောက်သွား၍ ပင်စည်ပေါ်တွင် အညိုရောင်မှ အနက်ရောင် အကွက်တွေဖြစ်ကာ ကိုင်းခြောက်ပြီး ကျိုးကျသွားသည်။
အနာကွက်တွေပေါ်မှာ မီးခိုးနက်ရောင် မှိုမျှင်တွေဖြစ်ပေါ်လာပြီး မှိုမျှင်ထိပ်တွင် အမဲရောင် မှိုစပိုးများကိုတွေ့နိုင်သည်။
အသီးများတွင် အနက်ရောင်ပျော့ပုပ်ဖြစ်လာပြီး ၂၄-၂၈ နာရီအတွင်း အသီးပုပ်သွားနိုင်သည်။
မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ အစိုမြင့်မားခြင်း နှင့် အပူချိန်မြင့်မားခြင်းတွေက မှိုစပိုး ပွားခြင်းနှင့် ရောဂါ ကူးစပ်ခြင်းကို ဖြစ်စေသည်
ရောဂါဖြစ်စေတဲ့မှိုဟာ သီးနှံအကြွင်းအကျန် တွေမှာရှင်သန်နိုင်ပြီး စိုက်ပျိုးရေးသုံးကိရိယာများ၊ ပိုး၊ ရေ နှင့် လေမှ တစ်ဆင့်ကူးစက်နိုင်တယ်

ကာကွယ်နှိမ်နင်းနည်း
စိုက်ခင်းအတွင်း ရောဂါရှိမရှိအမြဲစစ်ဆေးနေပြီး စတွေ့တာနှင့်ဖယ်ရှားပစ်ရမည်။
စိုက်ခင်အတွင်းနှင့် စိုက်ခင်းဘေး ပေါင်းရှင်းရမည်။
ရေသွင်းရေထုတ်လွယ်ကူအောင်လုပ်ထားရမည် ။
ရေကိုလိုတာထက်ပိုမသွင်းရ၊ ရေဂါဖြစ်နေချိန်မှာ ရေမသွင်းပေးရ။
နိုက်ထရိုဂျင်မြေဩဇာကို လိုအပ်တာထက်ပိုမသုံးရပါ။
ဆေးသုံးမည်ဆိုပါက မြန်မာ့ဩဘာမှ နီဗိုစူပါ သုံးပေးနိုင်သည်။