အာလူးအထွက်ကောင်းစေရန် မြေဩဇာကျွေးချိန်မျာ:
ဘယ်သီးနှံမဆို မြေဩဇာ အသုံးပြုတော့မည်ဆိုပါက 4R Nutrient Stewardship ကိုလိုက်နာသင့်ပါတယ်။
4R Nutrient Stewardship ဆိုတာက
4R = Right Source + Right Rate + Right Time + Right Place
ဖြစ်ပါတယ်
ဆိုလိုတဲ့ အဓိပ္ပာယ်ကတော့
Right Type or Right Source
မှန်ကန်သော မြေဩဇာအမျိုးအစား
Right Dosage / Rate
မှန်ကန်သော ပမာဏ
Right Time
မှန်ကန်သော အချိန်
Right Place
မှန်ကန်သော နေရာ
တို့ဖြစ်ပါတယ်။
ထိုအတိုင်းလိုက်နာပြီးမြေဩဇာများကိုအသုံးပြုပါက-
၁။အထွက်နှုန်း (Yield) တိုးတက်စေခြင်း
၂။မြေဩဇာကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ခြင်း
၃။ကျွေးတဲ့မြေဩဇာ၏အကျိုးများခြင်း
၄။ထွက်ကုန်အရည်အသွေးကောင်းစေခြင်း
၅။အပင်ကျန်းမာသန်စွမ်းစေခြင်း
၆။Nutrient Loss (အဟာရ ဆုံးရှုံးမှု)လျော့နည်းစေခြင်း
၇။မြေဆီလွှာကျန်းမာရေးကို ရေရှည်ထိန်းသိမ်းနိုင်ခြင်း
၈။တောင်သူအမြတ်အစွန်းကို တိုးတက်စေခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ အာလူးသီးနှံနှင့်ဆက်လျဉ်း၍ မြေဩဇာကျွေးချိန်များမှာ-
၁။Basal (မြေခံ/မစိုက်မှီ/စိုက်ချိန်)
၂။Early Vegetative Stage(စိုက်ပြီး၁၅-၂၀ရက်)
၃။Tuber Initiation(ဥစတင်ဖြစ်ချိန်/စိုက်ပြီး ၂၅–၃၅ ရက် )
၄။Tuber Bulking(ဥကြီးထွားချိန်/စိုက်ပြီး ၄၀–၅၅ ရက်)
၅။Maturation(ဥရင့်မှည့်ချိန်/စိုက်ပြီး ၆၀ ရက်နောက်ပိုင်း )တို့ဖြစ်ပါသည်။
အာလူးသီးနှံတွင်အသုံးပြုရမည့် မြေဩဇာများနှင့် ပတ်သတ်၍ သိရှိလိုပါက ကောမက်မြေဩဇာ Page messengerတွင် မေးမြန်းနိုင်ပါသည်။
