သက်ကယ်မြက်(Cogon grass)

သက်ကယ်မြက်(Cogon grass)

သိပ္ပံအမည် –  Imperata cylindrica ( Linnaeus) Raeuschel

Common name – Cogon Grass

Family – Poaceae

သက်ကယ်မြက် ( Cogon grass)
သက်ကယ်မြက် ( Cogon grass)


နှစ်ရှည်ခံပင်မျိုးဖြစ်၍ အပေါ်ကို ထောင်မတ်ပြီး ပေါက်လေ့ရှိတယ်။

အပင်အမြင့် ၁၅၀ စင်တီမီတာအထိ တွေ့ရသည်။

အမြစ်သည် မြစ်မွှာစနစ်ဖြစ်ပြီး ပင်စည်အောက်ခြေနှင့် မြေအောက်ပင်စည်ပေါ်ရှိ အဆစ်များမှ ထွက်သည်။

ပွင့်ညှာမဲ့ပန်းခိုင်သည် အဖြူရောင်ရှိပြီး ကိုင်းဖျာသည်။

ထပ်ဆင့်ပန်းခိုင် များစွာရှိပြီး အောက်ခြေတွင် အမွှေးနုလေးများ ပတ်ပတ်လည်တွေ့ရသည်။

အစေ့အပြင် မြေအောက်ပင်စည်နည်းအားဖြင့်လည်း မျိုးပွားသည်။

နှစ်ရှည်သီးနှံစိုက်ခင်းများ၊ စားကျက်ခင်းများတွင် အများဆုံးတွေ့ရသည်။