ခွေးမြီးပုတ်မြက် (Yellow Foxtail)

သိပ္ပံအမည် – Setaria pumila ( Poir.) Roem & Schult.

Common name – Yellow Foxtail

Family – Poaceae

ခွေးမြီးပုတ်မြက် (Yellow Foxtail)
ခွေးမြီးပုတ်မြက် (Yellow Foxtail)

  
တစ်နှစ်ခံ ပင်ပျော့မျိုးဖြစ်ပြီး အောက်ခြေတစ်နေရာထဲမှ မညီမညာဖြာထွက်ပါသည်။

အပင်အမြင့်မှာ ၁၀၀စင်တီမီတာအထက်အထိ အမျိုးမျိုးတွေ့ရတတ်ပြီးပင်စည်အခြေနဲ့အောက်ပိုင်းအရွက်တွေဟာ တစ်ခါတစ်ရံ အနီရောင် (သို့) ခရမ်းရောင်ရှိတတ်သည်။

အရွက်မှာ ပျော့ပြောင်းပြီး သေးသွယ်ရှည်လျားပါသည်။ အရွက်အပေါ်ပိုင်းမှာ ပြောင်ချောပြီး ရွက်နားကြမ်းပါသည်။

အရွက်ရင်းမှာ အမွှေးများတွေ့ရတတ်ပါတယ်။ ထပ်ဆင့်ပန်းခိုင်မှာ အမြှီးမပါသော်လည်း အမွှေးကြမ်း ၄-၁၂ခုထိ ရှိတတ်ပါသည်။

ရင့်သောအခါ အဝါ၊ လိမ္မော်၊ ညိုဝါရောင်၊ ခရမ်းရောင်ရှိတတ်ပြီး အစေ့အားဖြင့် မျိုးပွားကြပါသည်။

စားကျက်ခင်း၊ နှစ်ရှည်သီးနှံခင်းများ၊ ယာသီးနှံခင်းများတွင် အများဆုံးတွေ့ရသည်။